MD(Final EP)

151 13 2
                                    


ဂျပန်မြို့ရဲ့နမည်ကြီးနေရာအတော်အများကို အတူလျှောက်လည်နေချိန်မှာတော့ ကြွေရုပ်ဟာမနေ့ကလိုစူပုတ်မနေတော့ဘဲ
မျက်နှာလေးဟာ လန်းဆန်းပျော်ရွှင်နေလေသည်။  လူတွေကြားထဲတိုးရချိန်များတွင်ဆို မင်ဟိုလက်ကိုအားကိုးတကြီးကြွေရုပ်ဟာ ဆုပ်ကိုင်တတ်သည်။


ထိုအချိန်များဆို မင်ဟိုကလည်းပိုပိုသာသာလေး ကြွေရုပ်လက်ကိုဆုပ်ကိုင်ရင်းက ပုခုံးလေးကိုပြန်လည်ဖက်တွယ်ပါသေးသည်။


တစ်နေကုန်လျှောက်လည်ပတ်ရင်းက ဖုန်းတစ်လုံးနဲ့ဓာတ်ပုံရိုက်ပေးနေရတဲ့မင်ဟိုကို ဆာကူရာပန်းပင်တွေဘဲစိုက်ထားတဲ့လမ်းကိုရောက်ပြန်တော့လည်း ကြွေရုပ်ဟာမင်ဟိုကိုဓာတ်ပုံတွေထပ်ရိုက်ခိုင်းပြန်သည်။

ဆာကူရာပန်းပွင့်တွေကြား ကြွေရုပ်ဟာလှချင်တိုင်းကို လှလို့နေလေသည်။ ပိုစ့်ပေးရတာမောသွားပြီဖြစ်တဲ့မင်ဟိုရဲ့မော်ဒယ်လ်လေးဟာ အဖြူရောင်ဆေးတွေခြယ်ထားတဲ့ထိုင်ခုံတစ်လုံးကိုမြင်တော့ အပြေးသွားထိုင်ကာအမောဖြေနေလေသည်။


မင်ဟို အဖြူရောင်ထိုင်ခုံလေးပေါ်မှာထိုင်နေတဲ့ဆွန်မင်းရှေ့ ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ကာ မနက်ကတည်းကဘောင်းဘီအိတ်ထဲထည့်လာခဲ့တဲ့ အနီရောင်ဘူးလေးကို ကြွေရုပ်ရှေ့ဖွင့်ကာပြလိုက်ရင်း....။


"ကိုယ်မင်းကိုလက်ထပ်ချင်တယ် 
ကိုယ့်ကိုလက်ထပ်ခွင့်ပေးပါကြွေရုပ်"

ရုတ်တရက်မထင်မှတ်ထားတဲအြချိန်မှာ လက်ထပ်ခွင့်လာတောင်းတဲ့ကိုကိုကြောင့် ဆွန်မင်းပျော်လွန်းလို့မျက်ရည်တွေတောင်ဝဲလာသည်။


"တော်သေးတာပေါ့ ကျွန်တော့်ကိုလက်ထပ်ခွင့်မတောင်းတော့ဘူးတောင်ထင်နေတာအဟင့်"


မျက်ရည်လေးတွေရစ်သီဝဲနေတဲ့ကောင်လေးစကား​ကြောင့် မင်ဟိုကြောင်သွားရသည်။


"ဟမ်"

"ဟုတ်တယ်လေဗျာ မာမီတို့အိမ်မှာကတည်းကလက်ထပ်ခွင့်တောင်းမယ်ဆိုလို့ ကျွန်တော့်မှာဘယ်နေ့များပြောမလည်းဆိုပြီးရင်တွေခုန်နေရတာ ကိုကိုကအခုမှလာပြောရလားဗျ"


You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

My Doll(2Min MM)Where stories live. Discover now