17

1.5K 262 16
                                    

"ကောင်းပြီလေ"

လင်းယန်ရန်၏ အသံသည် နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

သူက ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ပြောလိုက်တာကိုမြင်တော့ ပရိသတ်အားလုံးက သူ့ကို သံသယတွေ နားမလည်နိုင်မှုတွေနဲ့ကြည့်လာကြပြီး အာရုံစိုက်လာကြသည်။

ဒီပြိုင်ပွဲက မစခင်ကတည်းကအဆုံးထိမြင်နိုင်တဲ့ ပြိုင်ပွဲတစ်ခု။ ဒါပေမယ့် သူက ယုံကြည်ချက်ရှိရှိနဲ့ အမြင့်သံကိုသုံးရဲသေးတယ်။နောက်မှာ ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်ခံရမှာကို မကြောက်ဘူးလား။

နောက်ကွယ်မှ မေးခွန်းထုတ်သော အကြည့်များကို သတိပြုမိလိုက်ရာ လင်းယန်ရန်သည် မေးစေ့ကို အနည်းငယ် မြှောက်ကာ စင်ပေါ်ကို လှမ်းကြည့်လိုက်သည်။

မျက်နှာပြင်ကြီးသည် ခဏတာ မည်းသွားခဲ့ပြီး ထို့နောက် သူတို့အဖွဲ့၏ VCR ကို စတင်ဖွင့်ပြလာသည်။

အုပ်စုတစ်ခုစီသည် နောက်ပိုင်းအဆင့်တွင် VCR ကို အမည်ပေးမည်ဖြစ်ပြီး သူတို့၏အဖွဲ့ကိုတော့ "ရယ်မောခြင်းနှင့် မျက်ရည်များ" ဟုခေါ်သည်။

အစကတော့ တခြားအဖွဲ့တွေနဲ့ အတူတူပါပဲ။‌

နောက်ပိုင်းအဆင့်တွင် သင်တန်းသားများသည် အခြားနည်းပြဆရာများထံ သွားရန် ပြင်ဆင်ခဲ့သည့် ပထမဆုံးရွေးချယ်မှုပုံစံအားချပြလာသည်။

နောက်တော့ ကင်မရာက လှည့်လာပြီး ပုံရဲ့ အရည်အသွေးက ပိုတောက်ပလာ၏ ။

စခရင်ကြီးတွင် ပေါ်လာသည့်အရာမှာ ပထမဆုံးသော ကလောင်ရေးထိုးတဲ့ဘောပင် ဖြစ်သည်။

ကလောင်ထိုးဘောပင်က ဘာကောင်းလဲလို့ လူတိုင်းက တွေးနေကြချိန်မှာပဲ ကင်မရာထဲက အဖြူရောင်လက်သွယ်လေးတစ်စုံ ထွက်လာတာကို တွေ့လိုက်ရ၏ ။

ထို့နောက် ထိုလက်များက လက်မှတ်ထိုးသည့်ဘောပင်ကို ကိုင်ကာ စာရွက်ဖြူပေါ်တွင် တစ်ခုပြီးတစ်ခုအကြမ်းမျဥ်းများ ချရေးဆွဲတော့သည်။

မကြာမီ စာရွက်ပေါ်တွင် ချစ်စရာ Q-ဗားရှင်း ဇာတ်ကောင်တစ်ခု ပေါ်လာ၏ ။ထိုခန်းမနေရာမှ မျက်လုံးစူးရှသော ပရိသတ်များက ထရိန်နင်၏ အမည်ကို ချက်ချင်း လှမ်းအော်သည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now