အပိုင်း -၂၆
ရန်ရင်း ခေါင်းကိုကျိုးကြတော့မတတ်ငုံ့ထားမိသည်။သူကနာမည်ကြီးလူသိများတဲ့လူတစ်ယောက်မဟုတ်ခဲ့ဘူး ဒါပေမဲ့ အခုသူ့ရုပ်နဲ့ သူ့နာမည်ကို တစ်ကျောင်းလုံး သိနေပြီ။ဒီလိုကိစ္စတွေဖြစ်လာတာက အရမ်းကိုမြန်ဆန်လွန်းပြီး စိတ်တွေရှုပ်ထွေးဖို့ကောင်းလွန်းလို့သူဘာကိုမှမဖြေရှင်းတတ်တော့ပေ။
"မင်း ပင်ပန်းနေမှန်းငါသိပါတယ် ၊ ဒါပေမဲ့ ကိုယ့်ကိုကိုအလွန်အကျွံစိတ်ဒုက္ခဖြစ်စေလောက်တဲ့အထိတော့ မတွေးပါနဲ့ "
သူ့ဘေးမှာရှိနေတဲ့ရောဘတ်ရဲ့စကားကို တုန့်ပြန်မှုမရှိပဲ စိတ်တွေက စုစည်းလို့မရကာ ပျံ့လွင့်နေသည်။ဒါပေမဲ့ သူသိချင်နေသေးသည်။သူနဲ့ ရင်းနှီးများများစားစားမရှိတဲ့ ရောဘတ်က ဘာလို့ သူ့ကိုကူညီပေးရတာလည်း!
"ဒါနဲ့ မင်းဘာလို့...."
"ငါ့မှာလည်း အကြောင်းပြချက်ရှိပါတယ် ဒါပေမဲ့ မင်းကိုတော့ပြောပြလို့မရသေးဘူး.. ဒါပေမဲ့ မင်းကိုကူညီလိုက်တာကိုတော့ မင်းဘာမှမစိုးရိမ်ပဲ သံသယကင်းကင်းနဲ့လက်ခံစေချင်တယ် ၊ငါမင်းကို ဒုက္ခရောက်အောင်လုံးဝမလုပ်ဘူး "
ယုံကြည်ချက်အပြည့်နဲ့ပြောနေတဲ့ရောဘတ်ရဲ့မျက်နှာကိုသူ့ခဏလောက်ပဲဆက်ကြည့်ကာ အကြည့်ပြန်လွှဲလိုက်သည်။
"ကျေးဇူး... "
"ဒါနဲ့ မက်စွန်က ဘာလို့ကျောင်းမလာရတာလည်း...မင်းသူ့ကိုဆက်သွယ်သင့်တယ် "
"သူပြသနာရှာပြီး တစ်နေရာရာမှာပြေးပုန်းနေမှာပေါ့.... မင်းသူ့အကြောင်းကိုထပ်မပြောတော့ရင်ကောင်းမယ် "
စိတ်အခြေအနေ သိပ်မကောင်းတဲ့ရန်ရင်းကြောင့် ရောဘတ် စကားကိုမဆက်တော့ပဲရပ်လိုက်တော့သည်။ဒီကိစ္စကသူနဲ့လားလားမှမဆိုင်ပေမဲ့ သူ့ဘက်ကတော့တတ်နိုင်သမျှအဆင်ပြေအောင်နေပေးရမည်။ကိုယ်လည်းကိုယ့်သောကနဲ့ကိုမို့....
♥♥♥♥♥
ကိစ္စကြီး ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာ ရန်ရင်းကနာမည်ကြီးတစ်ယောက်လိုပင် ဘယ်နေရာသွားသွားအကြည့်ခံနေရပြီး ထိုင်ခုံမှထိုင်နေရင်းတောင် သူတို့မျက်လုံးထဲမှာ အံဝင်ခွင်ကျဖြစ်နေတတ်သေးသည်။ကျောင်းသားတွေတွင်မကပဲ ဆရာ ဆရာမများ၏ အကြည့်တွေကိုပါလက်ခံနေရတာကြောင့် သူအတော်လေးထုံနေလေသည်။