အပိုင်း -၂၈
မက်စွန်က ထိုင်နေရင်းနဲ့ ရှေ့ကခုံကိုတစ်ချက်တစ်ချက်လှမ်းကန်သည်။မကြာခဏရောက်လာတဲ့ မျက်စောင်းလေးတွေကြောင့် သူအမြင်ကပ်ခံနေရမှန်းသိပေမဲ့ သဘောကျမိသည်။
ဒုန်းး....
"ကျစ်... မက်စွန်... မင်းတော်လို့ရမလား တခြားလူတွေအကုန်လုံးစာလုပ်နေကြတယ်လေ "
ရန်ရင်းရဲ့ဘေးနားမှာထိုင်နေတဲ့ရောဘတ်က မနေနိုင်တဲ့အဆုံးမှာတော့ ဝင်ပြောတော့သည်။မက်စွန်ထိုကဲ့သိုလုပ်နေတာက ရန်ရင်းတင်မဟုတ်ပဲသူလည်းစာလုပ်ရတာအဆင်မပြေပေ။မနက်ကလည်း အနောက်ခုံကကောင်လေးကို ပြူးပြူးပြဲပြဲလုပ်ပြီး ခုံမှာအတင်းဝင်ထိုင်သည်။တော်တော်ပြောမရဆိုမရကောင်......
"အဲ့တာ ငါ့စောက်ကြောင်းမှမဟုတ်တာ! "
"မင်းး..."
"ရောဘတ်... တော်ပါတော့ "
မျက်နှာငယ်လေးနဲ့ပြောလာတဲ့ရန်ရင်းကြောင့် ရောဘတ်စိတ်ကိုလျှော့ကာ ခုံမှာပြန်ထိုင်ပြီး သကောင့်သားကိုလျစ်လျူရှုလိုက်သည်။
မက်စွန်က နွမ်းနေတဲ့ရန်ရင်းရဲ့မျက်နှာကိုကြည့်ကာ အလိုမကျဖြစ်မိသည်။တစ်လောကလုံးမှာသူတစ်ယောက်ထဲစိတ်အညစ်ဆုံးပုံစံဖမ်းနေတာ...တစ်စက်လေးမှကိုကြည့်မရတာ။
ဒုန်း.....
နောက်တစ်ချက်။သူ့ရဲ့ခုံကို နောက်ထပ်တစ်ချက်ထပ်ကန်လိုက်ပြန်ပြီ။တကယ်ကြီး မက်စွန်က သူ့ကိုဒုက္ခပေးရတာကိုပျော်နေတာပဲ... အတန်းထဲကလူတွေအကုန်လုံး မက်စွန် သူ့ကို ဒုက္ခပေးနေတာကြောင့် နေရထိုင်ရခက်နေကြသည်။အကုန်လုံးက သူ့ကြောင့်..... သူကိုယ်တိုင်ကိုကမှားယွင်းနေတာ!
"မက်စွန်.... "
ရန်ရင်းက ခုံနောက်ကိုလှည့်ပြီးခေါ်လိုက်တော့ မက်စွန်အို့တို့အမ်းတမ်းဖြစ်သွားရသည်။တစ်နေ့လုံးလိုက်နှောင့်ယှက်နေပေမဲ့ သူ အခုမှရန်ရင်းဆီကအတန်းရှင်းရတာဖြစ်သည်။
"ငါတို့ စကားခဏပြောကြမယ် "
မက်စွန်က ချောင်းတစ်ချက်ဟန့်လိုက်သည်။ထို့နောက်သူ့ကို မကြည်သလိုလာကြည့်နေတဲ့ရောဘတ်ကို အောင်နိုင်သူအပြုံးနဲ့ခပ်ရဲရဲကြည့်ပေးလိုက်သည်။ဟက်.....နောက်ဆုံးတော့လည်း ဒီဘူတာကိုပဲလာဆိုက်ရတာမလား ။