အပိုင်း -၃၀

3.3K 102 12
                                    

Unicode

မနေ့က ရန်ရင်းပြောခဲ့တဲ့စကားတွေကြောင့် မက်စွန်မှာ ဘာလုပ်လုပ်အယောင်ယောင်အမှားအမှား။တသီးတသန့်ကြီးတွေးနေမိတာမျိုးမဟုတ်ပေမဲ့ ခေါင်းထဲရောက်လာတော့ လည်း ဘာမှမတတ်နိုင်။

သူအဲ့လောက်ထိများဆိုးသွမ်းနေမိလို့လား။ဒါဆို ရောဘတ်ကသူ့ထက်ပိုပြီး အများကြီးလိမ္မာတယ် တော်တယ်လို့ဆိုလိုချင်တာလား။
ဘာတွေမှန်းကိုမသိတော့တာ။အကုန်စိတ်ရှုပ်စရာတွေ....။ဒါမှမဟုတ် ရန်ရင်းနဲ့ videoထဲက လူက သူဆိုတာကိုအားလုံးသိအောင်ဖွင့်ပြောလိုက်သင့်လား။ရန်ရင်းကိုသေလောက်အောင် လိုးနေတဲ့လူက သူပဲလေ ရောဘတ်ဆိုတဲ့အယုတ်တမာကသာ သူမရှိတဲ့အချိန်အတောအတွင်းမှာ နေရာကောင်းဝင်ယူသွားတာ။အဲ့တာကို ငတုံးရန်ရင်းကလည်း အဟုတ်ကြီးထင်ပြီး အရမ်းကိုပြစ်ကြွေသွားတာပဲ....

"ရောဘတ် မင်းဖွင့်ကြည့်လိုက်အုံးနော်.. ငါလုပ်ပေးထားတဲ့ noteတွေက အဆင်ပြေပါ့မလားတော့မသိဘူး "

"ပြေမှာပါ ငါမကြည့်တော့ဘူး အတန်းအတွက်ခိုင်းထားတာကိုသွားလုပ်ပေးလိုက်အုံးမယ် ကျေးဇူးပါပဲနော် ရန်ရင်း "

"အင်း..ဒါနဲ့... ငါလုပ်ပေးထားတဲ့ ငါးပေါင်မုန့်လေးကိုစားသွားအုံးနော် "

ရန်ရင်းရဲ့စကားကြောင့် ရောဘတ်ကတစ်ချက်ပြုံးပြီး ခေါင်းလုံးလုံးကိုဖွလိုက်သည်။ဒီလောက်ထိအပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေတော့လည်း မက်စွန်လိုလူ အနိုင်ကျင့်ချင်တာ ဆန်းမနေတော့ပါဘူး။

ရုတ်တရက်ကြီး ခေါင်းကို လာထိသွားတဲ့ ရောဘတ်ကြောင့် ရန်ရင်းရဲ့ မျက်နှာလေး ရဲတက်သွားသည်။ထို့နောက် သူခေါင်းကိုငုံ့ကာ စာအုပ်ထဲပြန်စိတ်နှစ်လိုက်တော့သည်။ရောဘတ်က သူ့အပေါ်ကို အကိုတစ်ယောက်လို စိတ်ရင်းနဲ့ ဆက်ဆံပေးတာမို့ သူ့အနေနဲ့လည်း အားကိုးမိပါတယ်ဆိုတာကိုတော့ မငြင်းတော့ပါ။

"တောက်ခ်..... "

အနောက်ဘက်ကထွက်လာတဲ့ တက်ခေါက်သံကြောင့် ရန်ရင်းကိုယ်လေး ဆတ်ကနဲတုန်သွားသည်။ဒါပေမဲ့ သူအနောက်ကိုလှည့်မကြည့်မိအောင်ကြိုးစားကာ မျက်စိရှေ့မှာ မြင်နေရတဲ့ စာတွေကိုသာ အသဲအသန်မှတ်နေလိုက်သည်။

Ping Pang Where stories live. Discover now