မနက်စောစောစီးစီးတံခါးခေါက်သံကြားလိုက်တာကြောင့် ။ယယ်ရင်းအတွေးများသွားရသည်။ဖိတ်ခေါ်ထားတဲ့လူလဲမရှိပါဘဲ ဘာကိစ္စလဲမသိ။သရဲများလားဆိုရအောင်လဲ မနက်အစောကြီဆိုတော မတွေးတတ်တော့။ဒါဖြင့်လူသတ်သမားများလား ဒါလဲမဖြစ်နိုင် ။သက်ပြင်းရှည်ချပြီး တံခါးကိုသွားဖွင့်ပေးရသည်။
(ပြွတ်)
ရုတ်တရက်မို့ လန့်ပြီးတွန်းလိုက်မိသည်။သေချာကြည့်တော့မှ ရှင်အွန်ဂျောင်ဖြစ်နေသည်။အွန်ဂျောင်ကိုမတွေ့တာတောင်တော်တော်ကြာနေပြီ။ပြန်တွေ့တော့လည်းရုတ်တရက်နမ်းလာသည်မို့ ရူးနေပြီးလားမသိ။
'ဟဲ့ ရူးနေလား'
'ဟုတ်တယ် အင်္ဂလန်မှာရှိနေတဲ့တစ်လျှောတ်လုံး အလွမ်းခဲကိုမြိုပြီး အရူးကြီးလိုဖြစ်နေခဲ့တာ'
'နင်လွမ်းတာ ငါနဲ့ဘာဆိုင်လို့လဲ'
'မမကို လွမ်းတာလေ ဟောဒီက ယယ်ရင်းဆိုတဲ့အမျိုးသမီးကို ပြီးတော့ အမကိုချစ်တယ် လက်ခံပေး'
'ဟမ် ဟိုမှာ ဘယ်ကအရူးတွေနဲ့ပေါင်းလာတာလဲ အွန်ဂျောင် နင် မနောက်နဲ့နော်'
'မနောက်ပါဘူး'
အွန်းဂျောင်ကတော့ပြောတဲ့အတိုင်းပင် ယယ်ရင်းကိုပွေ့ဖက်ရင်းဖိနမ်းလိုက်တာမို့ ကြောင်တောင်တောင်တောင်ဖြစ်သွားရသည်။ဘာလဲ ဒီနေ့က ယယ်ရင်းအတွက် lucky day လား unlucky day လားတောင်မသိတော့။အွန်းဂျောင်ကို ကြိုက်လားဆိုတော့ကလဲ။အွန်း နဲနဲပေါ့။
(ဘုန်း)
'အင်ယယ်ရင်းတစ်ယောက် အခန်းတံခါးလေးတောင်မပိတ်ထား...ထား....အဲ...နင်တို့ဆက်လုပ်ကြပါ ငါတို့ထွက်သွားလိုက်မယ်'
ထူးထူးဆန်းဆန်း ဒီနေ့ကြမှရောက်ချလာတဲ့ ဟာရင်းနဲ့ဆူဂျီကိုဘယ်လိုရှင်းပြရမလဲမသိတော့။အွန်ဂျောင်ကိုတွန်းရင်း ဟိုနှစ်ကောင်ကိုလှမ်းခေါ်လိုက်တယ်။ဒါတောင်ရှင်အွန်ဂျောင်လက်က ယယ်ရင်းခါးပေါ်မှ သူ့ရည်းစားကြလို့။
'ဟဲ့ ဘယ်သွားမလို့လဲ ဝင်လေ'
'ငါတို့နှောက်ယှက်သလိုများ ဖြစ်သွားသလား'