Sweet 18လေးရဲ့
အမျှော်လင့်ဆုံးနဲ့အပျော်ရွှင်ရဆုံး
Happy Sunday ကိုရောက်ရှိလာခဲ့ပြီ...
'ညခင်းသာ'တယောက် တစ်ညလုံးအိပ်မပျော်..မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွား
တာကြောင့်... Dating အတွက်
'နေ့ရောင်ရှိန်'က 8.နာရီမှာလာကြိုမှာဖြစ်သည်...အခု7:30ရှိပြီ အိပ်ပုတ်လေး
မနိုးသေးပါ...ဒေါက် ဒေါက် ဒေါက်...
"သားလေးရေ..ပူတူးလေး...
ဘယ်အချိန်ရှိနေပြီလဲ...""အင်းးးးနိုးပြီ မေမေ...
ဟာ သွားပြီ အားးးးကယ်ပါဦးမေမေရေ..""ဟဲ့ ခလေးလေးဘာဖြစ်လို့လဲ..."
"ကိုကြီးက8နာရီလာကြိုမှာလေ သားအိပ်ပျော်နေတာ...အားးးးပိုက်လိဂါးဂျား
(အမြန်သွားစို့)..""ဘယ်ကိုတုန်း သားရဲ့ "
"ရေချိုးခန်းကို...."
သားတော်တယောက်အိပ်ယာထနောက်ကျပြီး အသည်းအသန်ပျာယာတွေခတ်နေခြင်းကို ဒေါ်ချယ်ရီတယောက်ပြုံးစစဖြင့်
သားလေးရေချိုးခန်းဝင်နေတုန်း
မနေ့ကသူရွေးချယ်ထားတဲ့ အဝတ်အစားနဲ့အသုံးအဆောင်လေးတွေကို အဆင်သင့်လေးပြင်ဆင်ထားပေးလိုက်သည်..."ဟင် သားလေး ခေါင်းတွေထပ်လျှော်ပစ်လိုက်တာလား...မနေ့ကလဲလျှော်တယ်လေ."
"ညကသိပ်အိပ်မပျော်လို့ ငြီးစိစိဖြစ်နေတာလန်းသွားအောင်ပါ မေမေရယ်"
"ကဲပါ လာ သားကလုပ်စရာရှိတာလုပ်မေမေက ခေါင်းခြောက်အောင်လုပ်ပေးမယ်.."
သားမိနှစ်ယောက် ဝုန်းဒိုင်းကျဲပြင်ဆင်လိုက်ကြတာ ခနအကြာမှာတော့
အိပ်မှုန်စုန်မွှားလေး 'ညခင်းသာ'က
ချစ်စရာမင်းသားလေးအဖြစ်သို့ပေါ့....ခပ်ဝဲဝဲဆံပင်လေးကို သပ်ရပ်စွာဖြီးလို့
အဖြူရောင်တီရှပ်ပွပွလေးနဲ့ အနက်ရောင်ဂျင်းပန်လေးကိုတွဲဝတ်လို့ freestyle လေးနဲ့
ရှင်းသန့်ချောမောနေသော သားငယ်လေးကို
ကြည့်မဝစွာနဲ့..."မေမေ့ပူတူးလေးက ဒီနေ့မှ မျက်နှာလေးက
ဝင်းပနေလိုက်တာ..ဘယ်လောက်တောင်ပျော်နေလဲမသိဘူး.."📱📱.
"ဟော ကိုကြီးဖုန်းခေါ်နေပြီ.."
"ဟဲလို ကိုကြီး...."
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...