...Dr..ခန့်ဦး တစ်ယောက် အမိမြေကိုပြန်မေရာက်ခဲ့သည်မှာ10စုနှစ်တခုကျော်လွန်ခဲ့ပြီဖြစ်သည်..ငယ်စဉ်ထဲကဖခင်ဖြစ်သူရှိရာ နိုင်ငံရပ်ခြားကိုသွားရောက်နေထိုင်ခဲ့ရသည်မို့... ယခု မိမိဖြစ်ချင်သော ဆရာဝန်တဦးဖြစ်လာခဲ့ပြီမို့ မွေးရပ်မြေကိုအလည်ပြန်လာ၍ မိမိသွားချင်သောနေရာ စားချင်သောအစားအစာတွေကိုအကြိုက်စား၍လွတ်လပ်စွာလျှောက်လည်ေနခဲ့ရင်းက အပြန်လမ်းမှာမိုးကသဲသဲမမဲ ရွာလာတာမို့ကားလေးကိုဖြည်းဖြည်းချင်းမောင်းလာခဲ့သည်...
အချိန်အားဖြင့် ဝေလီဝေလင်းအချိန်ပင်ရှိနေပြီဖြစ်သည်...မိမိသည်လည်းတညလုံး သူငယ်ချင်းဟောင်းများနှင့်ပြန်လည်တွေ့ဆုံရင်း သောက်စားစကားပြောကြဖြင့်အချိန်ကုန်ခဲ့သည်ကြောင့် ယခုအခါ အိပ်ချင်နေပြီဖြစ်သည်...ထို့ကြောင့်အိမ်ကိုအမြန်ရောက်ရန်သာအာရုံစိုက်ထားသည်...
တနေရာအရောက် မိမိကားရှေ့သို့ ဖျတ်ခနဲဝင်လာသောအရိပ်တခု....မိမိလဲကားကိုအမြန်ပင်ဘရိတ်အုပ်ပစ်လိုက်သည်..သို့သော်
"ဒုန်း"
"ဟာ.....ဘာဖြစ်ကုန်တာလဲ ဒုက္ခပါပဲ"
Dr.ခန့်ဦးတယောက် ကားပေါ်မှ ကပျာကယာပြေးဆင်းလာကာ မိမိကားရှေ့ကိုပြေးကြည့်မိတော့ မိုးရေထဲပုံလျက်သားလဲကျနေသော
ဖြူလျော့လျော့ ခန္ဓာကိုယ်လေးတခု...."ဟင်...လူပါလား ဒုက္ခပဲ.."
ပျာယာခတ်သွားသောအတွေးတချို့နှင့်
ထိုခန္ဓာကိုယ်လေးကိုပြေးပွေ့ရာ....
ချစ်စရာမျက်နှာလှလှလေးမှာထင်ရှားစွာမြင်လိုက်ရသည်...ဖြူဖြူနုနုလေး သို့သော်
ကောင်လေးတယောက်ဖြစ်နေသည်လေ..."ဟေ့ ညီလေး ရလား ညီလေး သတိထားဦး
ညီလေး...ဟားးးးးအသက်တော့ရှူသေးတယ်"သတိမဲ့နေတဲ့ထိုခန္ဓာကိုယ်လေးကို
အသာအယာပွေ့ချီလို့ကားပေါ်တင်လိုက်ပြီး
မိမိရဲ့အပန်းဖြေအိမ်လေးနဲ့မဝေးသည်မို့ အိမ်ကိုသာခေါ်လာမိတော့သည်...
မြို့ပြင်မို့ဆေးရုံဆေးခန်းဝေးသည်ကနကြောင်း မိမိအိမ်မှာလဲဆေးဝါးပစ္စည်းအစုံအလင်ရှိသည်မို့ပင်....
.......,..........
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...