...နှစ်ဦးသား ကားလေးနဲ့ထွက်လာခဲ့ပေမယ့် ဘယ်သွားရမယ်မသိသေး..ဘေးကကြောင်ပေါက်လေးကိုrelaxဖြစ်စေချင်တာကြောင့်သူ့သဘောကိုသာ မေးရန်ပြင်လိုက်သည်...
'ညခင်းလေး ဘယ်သွားချင်လဲ ဘာစားချင်လဲ ဘာလုပ်ချင်လဲ...ကြိုက်တာပြော အားမနာနဲ့နော် ကိုယ်ကခလေးလေးကိုပျော်စေချင်တယ် ...စိတ်ပြေလက်ပျောက်ဖြစ်စေချင်တယ်..အဲ့တော့ ရွေးလိုက် Where?...
..'အင်းးးးးခုလောလောဆယ် အေးချမ်းတိတ်ဆိတ်တဲ့နေရာလေးတခုခုကိုသွားချင်တယ် လေတွေအများကြီးရှူချင်တယ် စကားတွေအများကြီးလဲအော်ပြောချင်တယ်...'
'ok...Let's go...."
'ဘယ်ကိုလဲ ကိုကြီး'
'မင်းပြောတဲ့နေရာလေ...အေးချမ်းတယ် တိတ်ဆိတ်တယ် လေကောင်းလေသန့်လဲရတယ် စကားတွေဘယ်လောက်အော်ပြောနေပါစေ ဘယ်သူမှမရှိဘူး အဲ့လိုနေရာ...'
'ဟင်..တကယ်ရှိလား အဲ့လိုနေရာ..'
'အင်းးးးး မျက်လုံးလေးမှိတ်ပြီးလိုက်ခဲ့..
ကိုယ်ခေါ်သွားပေးမယ်...'...'ဟုတ်..'
သူစေညွှန်ရာ သဘောပါလို့
မျက်ဝန်းတို့ကိုအသာမှေးမှိတ်လို့ရယ်
ကားမှန်ပြတင်းက လေပြေတို့၏ကျီစယ်မှုကို
အာရုံခံစားရင်း သူခေါ်ဆောင်ရာ လိုက်ခဲ့တယ်......သိပ်မကြာလိုက် ကားရပ်သွားသည်ကိုခံစားလိုက်ရသည် ...လေတိုးသံညင်းညင်းနဲ့
လှိုင်းပုတ်သံသဲ့သဲ့ကြားရသည် ...သို့သော်
သူ၏အသံမကြားမချင်းမျက်ဝန်းတို့ကိုမှိတ်ထားဆဲ...'ကဲ ခလေးလေး မျက်လုံးဖွင့်လို့ရပြီ ..
ရောက်ပြီ....'မျက်ဝန်းတို့အသာဖွင့်လိုက်သည်နှင့်
လေနုအေးနဲ့အတူ မြစ်ပြင်ဖွေးဖွေးထက်
လှိုင်းကြက်ခွပ်ကလေးများက ညခင်းသာလေးကို သူတို့နဲ့အတူလာဆော့ကစားရန်ဖိတ်ခေါ်နေသည့်အလား ...အေးချမ်းမှုနဲ့အတူ လွတ်လပ်ပျော်ရွှင်မှုစိတ်လက်ပေါ့ပါးမှုတို့က သွေးကြောထဲထိစိမ့်ဝင်လာခဲ့သည်...ညခင်းသာတယောက်ကမ်းစပ်ကိုပြေးဆင်းသွားကာ ရေပြင်ကို လက်ဖဝါးနုနုနှင့်ထိတွေ့လို့ဆော့ကစား
လှိုင်းကလေးတွေကို ကလူကျီစယ်မိတော့...
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...