..."ခင်ဗျားကိုကျနော်မချစ်ဖူး"....
နားထဲမှာကြားလိုက်ရသည့် စကားလေးတစ်ခွန်းက ဦးခေါင်းထက်မိုးကြိုးတစ်ရာပစ်ချလိုက်သည့်နှယ်.. နှလုံးသားကိုမြှားအစင်းတစ်ရာလောက်တစ်ပြိုင်နက်ပစ်ခွင်းခံလိုက်ရသည့်နှယ်..အသူရာချောက်နက်ထဲ ပြုတ်ကျသွားသည့်နှယ်...ဆိုးဝါးစွာ နာကျင်လှသည်...
တစ်ချိန်က မိမိမျက်နှာတစ်ကမ္ဘာနေခဲ့သူလေး
မိမိအနားမှာအမြဲရှိနေချင်တယ်ဆိုသူလေး..
မိမိနဲ့အတူရှိနေရင်ပျော်တယ်ဆိုသူလေး
ဘာကြောင့်များ ခုလိုပြောင်းလဲသွားတာလဲ..
..ခင်ဗျားကိုမချစ်ဖူးတဲ့လားကွာ......"ဘာလို့လဲ ကလေး တစ်ကယ်ကိုယ့်ကိုမချစ်ခဲ့ဖူးလား...ဟင်..."
"ကျနော့်ဘာသာချစ်တာ မချစ်တာ ကျနော့်စိတ်လေ ဘာတွေရှင်းပြနေရဦးမှာလဲ...ဘာလဲကျနော်က ချစ်နေလိမ့်မယ်လို့အပိုင်တွက်ထားတာလား..ဒါဆိုရင်တော့ကျနော့်ကိုအရမ်းအထင်သေးလွန်းသွားပြီ..."
"ဟာ မဟုတ် မဟုတ်ပါဘူး ကလေးရယ်...
ကိုယ်အဲ့လိုလဲမတွေးပါဘူး...ကိုယ်ခလေးလေးနဲ့အတူရှိနေရင်ပျော်တယ် နဲနဲလေးဝေးလာနဲ့သတိရလာတယ် ကလေးလေးကိုမမြင်ရရင် ကိုယ်မနေနိုင်ဘူး...စိတ်နဲ့ကိုယ်နဲ့ကပ်လို့မရဘူး...ကလေးလေးအနားမှာနေချင်တယ်..
ပြီးတော့ ကလေးလေးကိုပိုင်ဆိုင်ချင်တယ်..
တစ်ခြားသူရင်ခွင်ထဲမှာမြင်ရတာ ကိုယ့်အတွက်ငရဲတစ်ခုပဲ ကလေးရယ်...
ကိုယ် ခလေးလေးကိုအရမ်းချစ်တယ်....""အဲ့လိုခံစားရတာနဲ့ပဲအချစ်ဖြစ်သွားရောတဲ့လား...ခင်ဗျားအတော်ရယ်ရတာပဲ..."
"ရယ်ချင်လဲရယ်ကွာ ကိုယ်သေချာတယ်
ကိုယ်မင်းကိုချစ်နေမိပြီ""ကျနော်ခင်ဗျားကို မချစ်ဖူး...ဒီလောက်ဆို
ကျနော်သွားလိုက်ပါဦးမယ်..""နေ နေပါဦး ကလေးလေးရယ် ၊ကိုယ့်ကိုအဲ့လိုမထားခဲ့ပါနဲ့လားကွာ...ကလေးလေးယုံအောင်ကိုယ်ဘယ်လိုသက်သေပြရမလဲ ပြော"
"မလိုပါဘူး ခင်ဗျားကိုယ်ခင်ဗျားသာ
သေချာပြန်ဆန်းစစ်နေလိုက်...ကျနော်သွားပြီ""နေဦးလို့ မင်းကိုပြောနေတယ်လေ..."
"ခင်ဗျားကျနော့်လက်ကိုလွှတ် ...
ဒါလားခင်ဗျားချစ်တာ ကျုပ်လက်နာနေပြီ လွှတ်နော်...ခင်ဗျားကိုကျနော် မချစ်တာထက် မမုန်းစေချင်ဘူးဆိုရင်ပေါ့ ..."
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...