"Name"Ep.11

406 9 21
                                    

Dr.ခန့်ဦးသော်တစ်ယောက် ခေါင်းငိုက်စိုက်ချကာမိမိဆီခပ်သွက်ပြေးလာနေတဲ့
ကောင်ငယ်လေးကိုမြင်လိုက်တော့
လွန်စွာစိတ်ပူမိကာ သူ့အနားအပြေးလေးသွားမိတော့ မျက်ရည်စဝဲဝဲနဲ့မိမိရင်ခွင်ဆီအပြေးလေးဝင်တိုးတိုက်ကာ...

"ဦးသော်..ကျနော့်ကိုဒီနေရာကအမြန်ခေါ်သွားပေးပါ...အမြန်လေးသွားရအောင်နော်.."

"What's happened Baby?"

"Please "...

"Ok, don't worry.,... let's go"

ဝမ်းနည်းမှု ထိတ်လန့်မှုတို့ရောပြွန်းလို့
မျက်ရည်အဝိုင်းသားတို့နဲ့ကောင်ငယ်လေးကို
မိမိရဲ့အပေါ်ထပ်ကုတ်အင်္ကျီလေးခြုံပေးလို့
ဟိုတယ်ရဲ့အပြင်ဘက်ဆီ တွဲခေါ်လာခဲ့တယ်...
သူဘာဖြစ်လာတာလဲ?
ဘာကိုထိတ်လန့်နေတာလဲ?
ဘာကိုဝမ်းနည်းနေတာလဲ?
ဘယ်အရာကနေရှောင်ပုန်းချင်နေတာလဲ?
မင်းအကြောင်းတွေကိုယ်အများကြီးသိချင်နေမိပြီ Babyရယ်...

သူတို့ကားလေးထွက်ခွာလာခဲ့ချိန်မှာ
ဟိုတယ် ဧည့်ကြိုခန်းမဆီ အပြေးထွက်လို့
တစ်စုံတစ်ခုကို သဲသဲမဲမဲလိုက်ရှာနေတဲ့ကောင်လေးတစ်ယောက်ရှိနေတာကိုတော့
ညခင်းသာလေး မသိနိုင်ခဲ့ပါ.....

...Dr.ခန့်ဦးသော်တစ်ယောက် ကားမောင်းလာရင်းက ဘေးကကောင်ငယ်လေးကို
မသိမသာကြည့်မိတော့ တသိမ့်သိမ့်ရှိုက်ငိုနေသည်မှာ ပုခုံးလေးတွေပင်တုန်ယင်နေသည်လေ....ထို့ကြောင့်လမ်းဘေးတနေရာမှာကားကိုထိုးရပ်လိုက်ကာ...

"Baby, come here.."
ထိုစကားတစ်ခွန်းနဲ့အတူ ကောင်ငယ်လေးဆီလက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်တော့
ထုံးစံအတိုင်း ရင်ခွင်ထဲတိုးလို့ရှိုက်ငိုပြန်ပီရောလေ...ဒီတစ်ခါတော့ ကိုယ့်ရင်ခွင်က
ထိုကောင်ငယ်လေးရဲ့မျက်ရည်မြစ်ဖျားသက်သက်မဟုတ်တော့ပါ..
ထိုကောင်ငယ်လေးရဲ့ခံစားချက်တို့ဖွင့်ဆိုရာ
ကမ္ဘာတစ်ခုဖြစ်ခွင့်ရခဲ့ပြီလေ....
တရှိုက်ရှိုက်ငိုကြွေးရင်း သူပြောလာတဲ့စကားလုံးတချို့က....

"ကျနော့်ကိုသူနဲ့‌ဝေးရာ အဝေးကြီးကိုခေါ်သွားပြီး...သူ့ကိုအစိတ်စိတ်မွချေနိုင်တဲ့သူတစ်ယောက်ဖြစ်လာတဲ့အထိ စောင့်ရှောက်ပေးနိုင်မလားဟင်..."

"Name"Where stories live. Discover now