"မင်းသား ..မင်းသား ..""ဟင် ဟင်...ဘာလဲ ဂျာကြီး.."
".အော်..ငါတို့မင်းသား ငုတ်တုတ်ကြီးမေ့နေလိုက်တာများဟယ်...ဘယ်လိုလဲ
မစ္စတာရိုမန့်တစ်ကြီး ဟိုအကောင်ပေါက်လေးက အာဘွားတစ်ချက်နဲ့ကလိသွားတာ
ဒီမှာကြက်သေသေပြီးကျန်ခဲ့ရတယ်လို့..
ငါတို့မင်းသားက အနမ်းမခံဖူးတဲ့ အင်နိုးစန့်လေး..အဟိ""ဘယ်ကိုငုတ်တုတ်မေ့ရမှာလဲ
ဂျာကြီးနော် သူကိုယ်တိုင်ကအနှောက်လုပ်နေတယ်..ဒီမှာပင်ပန်းနေပြီဟာကို.
မြန်မြန်မောင်း အနားယူချင်ပြီ.""အမလေး အနားယူချင်တာလား
ဟိုပေါက်စလေးနဲ့ ကျူချင်တာလား
သေချာပြော ဖုန်းနံပါတ်တောင်လဲထားကြတာဆိုတော့...ဟင်းဟင်း မင်းသားနော်""ဟာ ဂျာကြီးတော်တော့ ဘာတွေပြောနေမှန်းမသိဘူး...သူများကြားရင်တမျိုးထင်နေမယ်"
"အော် ကားမောင်းရင်း ကိုယ့်ကားပေါ်မှာပြောနေတာပါမင်းသားရယ်...ဒါပေမယ့် ဒီနေ့ရှင်ပုံမှန်မဟုတ်တာတော့ သိသာလွန်းတယ်...
ဘယ်လိုလဲအကောင်ပေါက်လေးကိုငြိသွားပြီလား ပြောမယ့်သာပြောတာ ဒီကောင်လေးကတကယ့်ချစ်စရာလေးနော် ကျမတို့လဲဒီနေ့မှသေချာကြည့်မိတာ သူက ခလေးဟန်လေးနဲ့နေလို့ တကယ့်stylistတွေနဲ့သာပြင်လိုက်ရင်
တစ်ကယ့်starလေးဖြစ်လာမှာ အသွေးအမွေးလေးကတကယ့်အသန့်လေး""ဟုတ်တယ် ကျနော်လဲအဲ့ဒါကြောင့်သူ့ကို
တချက်တချက် ငေးကြည့်နေမိတာ..""အင်း ပြီးတော့ သူက ဟိုတစ်ယောက်နဲ့.."
"တော်တော့ ဂျာကြီး ကျနော်တို့ပြောနေတဲ့အကြောင်းနဲ့မသက်ဆိုင်တဲ့သူအကြောင်းထည့်မပြောပါနဲ့ ..."
"အင်းပါ sorry..."
"ကျနော်အနားယူချင်ပြီ အမြန်မောင်းပေးပါ"
"Ok.."
...ဂျာကြီးကိုကားမောင်းခိုင်းကာ
ကားနောက်ခန်းမှာတယောက်ထဲခြေဆန့်ထိုင်လို့ တနေကုန်လျှောက်လည်ထားသမျှ အညောင်းဖြေရန် မျက်လုံးလေးခနမှေးလိုက်စဉ်
....."အို့..ကျစ် ဘာလဲကွာ..ဘာလို့ ငါ့စိတ်ထဲ..
ကျစ်...."ဟုတ်ပါတယ် နေ့ရောင်ရှိန် တယောက်မျက်လုံးမှိတ်လိုက်သည်နှင့်ခုနကလှစ်ခနဲနမ်းသွားတဲ့ အနမ်းသူခိုးလေးကိုသာပြန်မြင်ယောင်နေမိသည်လေ...
ပြန်တွေးကြည့်မိတော့လဲ တကယ့်ချစ်စရာကောင်းလေးပါ...တနေကုန်ကိုယ်နဲ့အတူရှိနေခဲ့ပေမယ့် လုံးဝကိုယ့်ကိုအနေရမခက်စေပဲ
ကိုယ်နဲ့အတူ အပေးအယူမျှမျှရှိနေခဲ့တာ..
မသိရင်အရမ်းကိုရင်းနှီးကျွမ်းဝင်ပြီးသားလူတွေလိုမျိုး...မိမိတို့သည် သိကျွမ်းပြီးသားဆိုသော်ငြား Idolနဲ့fanboy သိကျွမ်းမှူအဆင့်သာရှိသည်လေ...ခုလိုနေသားတကျရှိနိုင်လိမ့်မည်မထင်ခဲ့...
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...