"Name"Ep.7

156 8 4
                                    

နှစ်ဦးလုံးအကြည်ချင်းမဆုံဖြစ်အောင်
ပြတင်းတံခါးတဖက်ဆီသို့ငေးရင်း
အိမ်ပြန်လမ်းမထက် ကားလေးကတိတ်ဆိတ်ငြိမ်သက်နေပေမယ့် ကားပေါ်က ခရီးသည်လေးနှစ်ဦးရဲ့ရင်ခုန်သံတွေမှာတော့
အမြူးကြွဆုံးအကျယ်လောင်ဆုံး
ခုန်ပေါက်နေခဲ့သည်လေ....

သိပ်မကြာလိုက်ပါပဲ ညခင်းလေးရဲ့အိမ်ရှေ့ဆီပြန်လည်ရောက်ရှိလာခဲ့သည်...

"ကိုကြီး သားသွားတော့မယ်နော်...
ပြန်လိုက်ပို့ပေးလို့ကျေးဇူးအထူးပါ.."

."အင်း ကိုယ်ပြန်ရောက်ရင်ဖုန်းဆက်မယ်နော်
...ဪ ပြီးတော့...ခလေးcastingဝင်ဖို့ကိစ္စစဉ်းစား‌ဦးနော်..."

"ဟုတ်..ဒါဆို သား အိမ်ထဲဝင်တော့မယ်နော်"

"အင်းပါ Goodnight baby..လေး"

"ဟုတ် Goodnight ကိုကြီး"

ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်ရန်ခြေလှမ်းပြင်လိုက်စဉ်...

ရုတ်တရက် နောက်ကလှမ်းဆွဲလိုက်သလို
တုံ့ခနဲဖြစ်သွားတာ‌ေကြာင့်် လှည့်ကြည့်မိတော့ မိမိရဲ့လက်ကိုဆွဲကာ ရီဝေဝေသူ့အပြုံးတို့က ရင်ခုန်သံတို့မြန်စေသည်...
တဖြည်းဖြည်းမိမိရှေ့တိုးကပ်လာသည့်အခါ
ညခင်းသာတယောက်စိတ်ထဲမှတီးတိုးရေရွတ်မိခြင်းများစွာ...

(သူဘာလုပ်မလို့လဲ...အိမ်ထဲမှာမေမေရှိနေတယ်...လမ်းကြီးမှာနော် ...တယောက်ယောက်မြင်သွားလို့မဖြစ်ဖူး...ဒါကဘာလဲ..
ငါ့ကို.,.အီးးးးး)

တဖြည်းဖြည်းတိုးကပ်လာတဲ့သူက
ခါးကိုကိုင်းလို့ နာနားလေးကပ်ကာ
‌ေလတိုးသံလေးဖြင့်...

'အလုပ်ကိစ္စစဉ်းစားထားဦးနော်
ကိုယ်အဖြေစောင့်နေမယ်.,'

'အာ...ဟုတ်...'

ဒါလေးပြောတာကိုလူကိုကျီစယ်သွားသေးတယ်..ခင်ဗျားသိပ်ဆိုးတယ်ဗျာ..
ဒီမှာအသက်ရှုတွေတောင်မှားလို့...
တယောက်ထဲမျက်နှာရဲရဲလေးနဲ့ရှက်စနိုးရေရွတ်ရင်း အိမ်ထဲသို့ဝင်လာခဲ့တော့သည်...

ညခင်းသာတယောက်အလေးအနက်တွေးရသည် ပညာရေးအခွင့်အလမ်းကိုယူရမလား?
မိမိမျှော်လင့်နေခဲ့တဲ့ဝါသနာအခွင့်အလမ်းကိုယူရမလား? တကယ်ရွေးရခက်နေပါ၏...
ဘဝမှာနှစ်ခါမရသောအခွင့်အရေးက
မိမိဆီတပြိုင်ထဲနှစ်ခုလာသည်က..
ကံဆရာ ကျီစယ်လွန်းသည်ထင်...

"Name"Where stories live. Discover now