...နေ့ရောင်ရှိန်တစ်ယောက် မိမိပေါင်ပေါ်က
ကောင်လေးကို သတိလက်လွတ်ဖက်တွယ်ထားမိရာက ထိုကောင်လေးအသံကြားမှလွှတ်ပေးမိသည်...."အာ Sorry...မင်းချော်လဲသွားမှာစိုးလို့"
"အော် ဟုတ်..ကျေး..ဇူးပါ ကိုကြီး..."
ညခင်းသာလဲ အမြန်ပင် ဘေးကနေရာလွတ်မှာဝင်ထိုင်လိုက်သည်...
ဒီနေ့မှ ဘာလို့အဲ့လောက်ထိရင်ခုန်နေမိမှန်းမသိ...ဒီလူနဲ့မတွေ့ဖူးမဆုံဖူးတာလဲမဟုတ်ပါပဲ..
Gpမှာလဲ ကိုယ့်လောက်ကျူးနိုင်တဲ့သူမရှိ
Fangirlတွေနဲ့အပြိုင်ကျူးလာခဲ့တဲ့သူ
ခုမှဘယ်လိုကြောင့်အဲ့လောက်ထိစိတ်တွေလှုပ်ရှားနေမိပါလိမ့်...ခင်ဗျားရယ်..ခင်ဗျားရဲ့momentsလှလှလေးတွေမှာ ကျနော့်ရဲ့
အသဲနှလုံးတခုလုံးက ဖရိုဖရဲနဲ့ပါဝင်စီးမျောနေမိပြီဗျာ..ရုန်းထွက်ရမယ်ဆိုတာသိပေမယ့်
ဒီအချိန်လေးတွေထဲကနေရုန်းမထွက်ချင်တာလဲ ကျနော်ပါပဲ.,..ရုပ်ရှင်စပြပြီမို့ နှစ်ဦးသားရုပ်ရှင်ကိုသာ
အာရုံစိုက်နေလိုက်သည်....
ရုတ်တရက် ထိတ်လန့်စရာဇာတ်ဝင်ခန်းတခုအရောက်...ညခင်းသာတစ်ယောက်
လက်သီးလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး
အား'ခနဲ ထ မအော်မိအောင်..မျက်လုံးစုံမှိတ်လို့ရယ် အံကိုကျိတ်ထားမိသည်...
....ဟား ဒီသရဲကားဘာလို့အဲ့လောက်ကြောက်စရာကောင်းရတာလဲလို့...ငါ လန့်သေတော့မှာပဲ.,.ဒါကိုမြင်လိုက်တဲ့ နေ့ရောင်ရှိန်က
အကြောက်သည်းနေတဲ့ကောင်လေးရဲ့
လက်သီးဆုပ်လေးကိုအသာဆွဲကိုင်လိုက်ကာ"ခလေးလေး သရဲကားမကြည့်ရဲဘူးလား..
အဲ့ဒါကိုယ့်ကိုဘာလို့မပြောတာလဲ မင်းကဘာဖြစ်ဖြစ်ရတယ်ဆိုလို့ကိုယ်ကသရဲကားရွေးလိုက်တာ ခလေးလေးကြောက်နေပြီလားဟင်""ဟို သားကြည့်ရဲပါတယ် ဒါပေမယ့်ဒီကားကအရမ်းကြောက်စရာကောင်းနေတာ....သားကသရဲပုံကြီးမြင်ရတာထက် အဲ့သရဲကားထဲက
သရဲပေါ်လာခါနီး အသံကိုကြောက်တာ...
အဲ့အသံတွေပြကွက်တွေက သရဲထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာ...""ကြည့်ပါဦး လက်ကလေးတွေတောင်အေးဆက်နေပြီ လာ ကိုယ်ဖက်ထားပေးမယ်..
ဒါလေးခြုံထားဦး ခလေးလေး အေးနေပြီ.."
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...