...ညခင်းသာတစ်ယောက် မိမိကိုရင်ခွင်ထဲထည့်လို့မှေးပျော်နေတဲ့ idolရဲ့မျက်နှာချောချောကိုငေးကြည့်ရင်း..မိုးစိမ့်စိမ့်နဲ့အတူ
မှေးပျော်သွားခဲ့လေတော့သည်......ပြတင်းမှဖြတ်လာသည့်အလင်းရောင်ကြောင့် နေ့ရောင်ရှိန် အိပ်ယာကနိုးလေတော့...မိမိရင်ဘတ်တခုလုံးနွေးထွေးနေသည်မို့ မျက်လုံးတို့အသာဖွင့်ကြည့်မိတော့....
..မိမိလက်မောင်းပေါ်ခေါင်းအုံးကာမှေးစက်နေတဲ့ကြောင်ပေါက်လေး..ပါးပြင်ပေါ်ဖြာကျနေတဲ့နေရောင်ခြည်နဲ့အတူ သူ့ပါးပြင်ဝင်းအိအိလေးရယ် စူထော်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးရယ်က တကယ်အူယားစရာလေးနဲ့
ကိုယ့်ရင်ခွင်ထဲတိုးဝင်ကာမှေးစက်နေလိုက်တာများ..ပါးကလေးကိုဖက်ကိုက်ချင်စရာ..တွေးရင်းငေးရင်းကပင် လူးလွန့်လာတဲ့
သူ့ကိုယ်လေးကြောင့် ဘာလုပ်ရမှန်းမသိတဲ့မိမိမှာ မျက်လုံးကိုအသာပြန်မှိတ်ကာ
အိပ်ချင်ဟန်ဆောင်၍ငြိမ်နေလိုက်သည်..
မဟုတ်ရင် မျက်လုံးချင်းဆုံမိပါက ယခုအနေအထားကမိမိတို့နှစ်ဦးစလုံး အနေရခက်လောက်သည်မဟုတ်ပါလား..မူးေနတဲ့ကိုယ်နဲ့တညလုံးအတူဖက်အိပ်နေခဲ့ပေမယ့် မနက်လင်းလို့ အမူးပြေချိန်မှာတော့ အနည်းငယ်မျက်နှာပူမိတာအမှန်ပင်၊။။။
လူလွန့်လာသည့်သူလေး နိုးလာပြီထင်၏..
ကိုယ့်ပါးပြင်ကိုခပ်ဖွဖွထိတွေ့လာသည့် သူ့လက်ဝါးနွေးနွေးလေး..ကိုယ်အိပ်ပျော်နေတယ်ထင်ပြီး ဒီကောင်လေးဘာတွေလုပ်နေပါလိမ့်နော်..ကိုယ့်မျက်နှာအစိတ်အပိုင်းတွေကိုထိတွေ့ရင်း ခပ်တိုးတိုးလေးသူပြောနေတာက...'ကျနော်တညလုံးခေါင်းအုံးထားမိလို့
လက်မောင်းလေးနာနေတော့မှာပဲတဲ့..'
..ထိုစကားသံလေးအဆုံး အသာအယာသူထသွားသည်ထင် ....ခုနကနွေးထွေးနေတဲ့
ရင်ဘတ်တခြမ်းက အေးစက်လာသည်မို့ မျက်လုံးအသာဖွင့်ကြည့်မိတော့..
အခန်းထဲသူလေးရှိမနေတော့...ထိုအချိန် ဝင်လာသည့်ဖုန်းသံကြောင့် ..
'hello ဂျာကြီး ပြော...'ရွှေမင်းသားရေအိပ်ယာထတော့နော်11နာရီမှာ အင်တာဗျူးရှိတယ်လေ..'
'သိပါတယ် ဂျာကြီးရ 11မထိုး ခင်အရောက်လာမယ် ok...
'ok ok.."
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...