...အိမ်ကလေးဆီမှကျောခိုင်းထွက်ခွာလာတဲ့
နေ့ရောင်ရှိန်တစ်ယောက် ခေါင်းထဲအတွေးများစွာနဲ့အတူ အမည်မသိတဲ့ခံစားမှုတခုက နှလုံးသားကိုတဆစ်ဆစ်ထိုးဆွနေသည့်နှယ်...ထိုအိမ်ကလေးရှေ့မှကားကိုဝူးခနဲမောင်းထွက်ခဲ့ေပမယ့် ခပ်ဝေးဝေးရောက်အောင်ပင်မမောင်းနိုင်ပဲ လမ်းဘေးတနေရာမှာကားကိုထိုးရပ်လို့ရယ် မွန်းကျပ်လွန်းစွာနဲ့ ကားစတီယာရင်ကို တဘုန်းဘုန်းထုရိုက်ကာ ပေါက်ကွဲနေမိသည်..မိမိတို့ဟာ ဘယ်နေရာမှစလွဲသွားတယ်မသိပေမယ့် တခုခုလွဲနေသည်မှာသေချာသည်...
..လေပြေဦးနဲ့ပတ်သက်မှုကြောင့်လား...
..ဒါမှမဟုတ် ကလေးလေးရဲ့ပိုင်ရှင်ကြောင့်လား...
မဟုတ်သေးဘူး ကလေးလေးရဲ့မျက်လုံးတွေမှာ ကိုယ့်အပေါ်စိတ်ဆိုးနေဟန်ကိုတွေ့ရသည် နာကျင်မှုတချို့လဲရှိနေသည်....ဘယ်အရာကအခုလိုခံစားစေခဲ့ပါသလဲ...
သူနဲ့ကိုယ်ရဲ့ပတ်သက်မှုက ရင်းနှီးကျွမ်းဝင်မှုတွေရှိခဲ့ပေမယ့် သူပြောသလိုပဲidolနဲ့fanboyလေ...ဒါဆိုကိုယ်ကရော ဘာလို့ဒီကလေးအပေါ်မှာ
လွှမ်းမိုးချင်နေတာလဲ...
ခလေးလေးကရောဘာလို့ကိုယ့်ကို အကြည့်တွေကနာကျင်နေရတာလဲ....
မကြည့်ပါနဲ့အဲ့လိုမျက်ဝန်းတွေ
နာကျင်စွာစူးရှနေတဲ့ မျက်လုံးလှလှလေးတွေ
မျက်ရည်စတို့ဝေ့သီနေတဲ့ ဒီမျက်ဝန်းညိုလေးတွေ...တုန်ယင်နေတဲ့ပန်းနုရောင်ဖျော့ဖျော့ နှုတ်ခမ်းပါးလေးတွေ ...
ပြန်မြင်ယောင်မိတိုင်း ကိုယ့်ခေါင်းထဲပေါ်လာတာက အဖြေမရှိတဲ့မေးခွန်းတွေချည်းသာ...ဒီအခြေအနေနဲ့ ဒီခံစားချက်ကြီးက ကိုယ်တစ်ယောက်ထဲကပဲခံစားနေရတာလား ...
မဟုတ်ဖူး ကလေးလေးမှာကိုယ်နဲ့ပတ်သက်တဲ့နာကျင်မှုတခုရှိနေတယ်..ဒါကိုကိုယ်မရရအောင်ဖော်ထုတ်ရမယ်.........
အိမ်ထဲသို့ ချစ်ရသူလေးကိုပွေ့ကာဝင်လာတဲ့Dr. ခန့်ဦးသော် ....မိမိရင်ခွင်ထဲက ခွေခေါက်နေတဲ့Babyလေးကို ကုတင်ပေါ်အသာအယာတင်ပေးလိုက်သည်..
..."Baby အားဆေးလေးသောက်ပြီး အိပ်ပျော်အောင်အိပ်လိုက်နော် ...ကိုယ်အနားမှာရှိနေမယ် .."
မိမိရဲ့စကားကို ခေါင်းလေးအသာငြိမ့်ပြရုံသာ တုံ့ပြန်တဲ့မြတ်နိုးရာလေးကို...
စောင်လေးအသာခြုံပေးကာ မှေးစက်စေလိုက်ပြီး မိမိသည်လည်းဘေးမှအသာအယာလဲလျောင်းကာ အနားယူလိုက်တော့သည်...
YOU ARE READING
"Name"
Romance...ကျနော့်ကိုရင်ခွင်ထဲထားပြီး တစ်ပါးသူရဲ့အမည်ကို တမ်းတနေတဲ့ ခင်ဗျားရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်က အချစ်စစ်ပါတဲ့လား...အဟက်... ...မုသားဖော်စက်မလိုတဲ့ခင်ဗျားရဲ့ မျက်ဝန်းတွေကပြောတယ်... ...ခင်ဗျားလိမ်နေတာတဲ့.... .......ခင်ဗျားကိုသိပ်ကိုချစ်မိနေတာမို့လို့...