"Name"Ep.10

246 6 2
                                    

...‌ " ကိုယ်နဲနဲအတွေးလွန်သွားလို့ပါ"....

"အော် ......."

"ကဲ ဆန်ပြုတ်လေးကုန်ပြီဆိုတော့ ရော့
ဆေးတခွက်သောက်လိုက်ဦး"

"ဟွန်း မသောက်ချင်ဘူး ကျနော်ဆေးကြောက်တယ်..."

"ဟာ မင်းက ကလေးလား ဒီအရွယ်ကြီးကိုဆေးကြောက်နေတယ်ပေါ့.."

"ဆေးကခါးတယ်.. ပြီးတော့ နင်တယ်...
ပြီးတော့ ပါးစပ်ထဲမှာအနံ့ကြီးစွဲနေတာ
ပြီးတော့...."

"ကဲ တော်ပြီ ဆေးကြောက်တဲ့ကလေးကို
ဆေးတိုက်တဲ့နည်းရှိတယ်.."

"ဟင် ဘယ်လိုလဲ.."

"ဆေးလုံးတွေကိုအမှုန့်ကြိတ်ပြီး ဖျော်တိုက်မှာလေ.."

"ဟာ အဲ့ဒါပိုခါးပြီးပိုနံတာ...တော်ပြီ
တလုံးချင်သောက်မယ် ဟိုဆေးပြားကြီးကြီးကို အစိပ်လေးတွေစိပ်ပေးပါလားဟင်..."

"ဟောဗျာ ကောင်းပါပြီဗျာ...ကဲရော့ လေးစိပ်စိပ်လိုက်ပြီ"

"ဟုတ်...ကျေးဇူးပါ...တလုံးချင်းပဲသောက်မယ်နော်..."

Dr..ခန့်ဦးသော်တယောက် မိမိရှေ့က ဆေးကြောက်တဲ့ခလေးလူကြီးလေးကိုပြံုးပြံုးကြီးကြည့်လို့ အူယားနေမိသည်...
ဒီကလေးထွားထွားလေးက ဆေးလေး3 4လုံးကို တလုံးချင်းစီရှံု့မဲ့ပြီးသောက်နေတာလေးက တကယ်ပါးလေးကိုလိမ်ဆွဲချင်စရာရယ်..

"ကဲ ခုတော့ ဆေးသောက်ပြီးနားနေနော် အိပ်ချင်လဲအိပ် ..ခြံထဲဆင်းချင်ရင်လဲဆင်းလေ ..ကိုယ်စာနဲနဲလုပ်ဦးမယ်...ပြီးတော့
အခုကနေ့လည်တောင် ရောက်နေပြီဆိုတော့
ညနေစာကို ဘာစားချင်လဲ"

"ရပါတယ် ကျနော်က ဒေါက်တာ့ကိုအလုပ်ပိုစေမိတာနဲ့တင်အားနာလှပြီ"

"ကဲပါ အားနာတယ်ဆိုရင်လဲ နေကောင်းအောင်နေ ကိုယ့်ပြောစကားနားထောင်
ဟုတ်ပြီလား.."

"ဟုတ် ကျေးဇူးပါ Dr..."

ကျေးဇူးတင်စကားပြောလာတဲ့ကောင်လေးမှာ ထိုကျေးဇူးတင်စကားလေးရဲ့အဆုံးမှာ ခေါင်းကိုငုံချလိုက်ကာ သူ၏လက်ခုံပေါ်သို့ မျက်ရည်စက်တခုက ပေါက်ခနဲကျလာသည်ကိုမြင်လိုက်ရသည်ကြောင့်...

"Name"Where stories live. Discover now