(အပိုင်း17)

6.8K 113 3
                                    

♡ဖူးစာ၏လှည့်ကွက်♡

(အပိုင်း17)

အဝေးပြေးလမ်းမပေါ်တွင်လျင်မြန်စွာမောင်းနှင်လာတဲ့ကားလေးတစ်စီး

ထိုကားပေါ်တွင်..ဒေါ်ဝတ်ရည်၊လဝန်းသော်တာ၊နဲ့ဒေါက်တာကျော်မိုးလွင်(လဝန်းရဲ့အမျိုးသား)တို့လိုက်ပါလာကြသည်။

ကားလေးကတစ်ရွှေ့ရွှေ့နဲ့မောင်းနှင်နေပြီးမော်လမြိုင်သို့ဦးတည်နေသည်။

.....

(မင်္ဂလာမဆောင်ခင်၁ရက်အလို)

''ဟေ့...သေချာပြင်ကြ''

''ဒါလေး..ဒီမှာထား...အေး..ဘေးနည်းနည်းရွှေ့..ရပြီ''

''ဒါရော...ဒါလေးကရော..ဟုတ်ဟုတ်''

အားလုံးကလင်းညို့တို့ရဲ့မင်္ဂလာပွဲအတွက်အားတတ်သရောစီစဥ်နေကြသည်။

နေကြာခြံလေးထဲမှာပဲဆောင်မည်ဖြစ်ပြီး၊အမှတ်တရတစ်ခုအဖြစ်နဲ့ရှိစေချင်တာကြောင့်...ပြုလုပ်ခြင်းသာဖြစ်သည်။

''နွေဦး...ဘယ်နေရာချိန်းချင်သေးလဲ...ဘာထပ်ဖြည့်ချင်လဲ...ပြောနော်''

''ဟုတ်...အခုတောင်တော်တော်လှနေပြီ''

ပွဲပြင်ဆင်နေတာကိုနှစ်ယောက်သားရပ်ကြည့်နေကြသည်။

''ကိုယ့်မေမေတော့...မလာနိုင်တော့ဘူး...တောင်းပန်ပါတယ်နော်''

''အင်း...ရပါတယ်..နွေဦးနားလည်ပါတယ်''

''အင်း..ဒါမဲ့လက်ဖွဲ့တော့ပို့ပေးမယ်တဲ့လေ''

''ဟုတ်လား....ဟီးဟီး''

''ဟောဗျာ..ဘာရီတာလဲ''

''ဟင့်အင်း..ဒီတိုင်းပျော်လို့''

''နောက်ဒီထက်ပျော်အောင်ကိုယ်ကထားပေးမှာ''

''တစ်ကယ်လား''

''တစ်ကယ်ပေါ့...ဘာလဲကိုယ့်ကိုမယုံဘူးလား''

''ဟာ မဟုတ်ပါဘူး ....နွေဦးကအစ်ကို့ကိုယုံပြီးသား''

''ဟင်း...လူလည်မလေး''

နှာဖျားလေးကိုအသာလေးဆွဲလိမ်လိုက်တော့ ဆူထွက်လာတဲ့နှုတ်ခမ်းလေးကြောင့် လင်းညို့ပိုအသည်းယားရပါသည်။

ဖူးစာ၏လှည့်ကွက်  (Completed)Where stories live. Discover now