ကျောင်းတက်ပြီးတော့ မင်းနောင်တတိယတန်းကိုပင်နှစ်ချိန်ဆက်တိုက်ပြန်ဝင်ရပြန်သည်။ကိုယ်သင်ဖို့တာဝန်ကျတာကသင်္ချာပေမယ့်လို့မြန်မာရောအင်္ဂလိပ်ပါရောသင်ရသည်။ကိုအောင်လွန်မောင်းပြောတာကတော့လေတ်အခြေအနေကလည်းမကောင်း၊ရွာကလည်းခေါင်ဆိုတော့တစ်ခြားပြောင်းရွေ့မိန့်ကျရင်တောင်ပညာရေးမှုးရုံးကိုပြောင်းရွေ့စာတင်လိုက်ကြတာကများသည်တဲ့။
ထမင်းစားချိန်ရောက်တော့အားလုံးကစုပြီးစားကြသည်။မင်းနောင်ကတော့အိမ်ပြန်စားဖို့တွေးထားတာကြောင့်ပြန်မလို့လုပ်တုန်းမှာအတူစားကြမယ်ဆိုပြီးအတင်းတားလို့အားနာသမှုနဲ့ဝင်စားလိုက်ရသည်။
''ဆရာသစ်ရေ ထည့်စားဗျဖယာက်ျားလေးတွေချည်းနေတာဆိုတော့ဟင်းကတော့ကြုံသလိုဘဲ''
''ကန်စွန်းရွက်ကြော်ကြိုက်ရဲ့လား''
ကိုအောင်လွန်မောင်းကထည့်ပေးတော့လူကမျက်နှာဘဲပူချင်လာသလိုလိုဘာလိုလိုနှင့်ပင်။ပြုံးရုံပြုံးလိုက်တာကပင်ဘာရယ်မဟုတ်မင်းနောင်ကိုကြက်သီးထသွားစေသည်မို့။
''မြို့ကဆရာ!''
''ကိုသာလွန်မောင်း ဘာကိစ္စရှိလို့လည်းဗျ''
''ထမင်းချိုင့်လာပို့တာ''
''ဗျာ အာ ဟုတ်ကဲ့ချထားလိုက်ပါဗျ''
ကိုယ်ကချထားဖို့ဘဲပြောတာသူကချိုင့်တွေပါဖွင့်ပြီးစီနေပြီ။
''ကျုပ်လည်းတစ်ခါတည်းဝင်စားလို့ရတယ်မလား အိမ်နှစ်ခါမပြန်ချင်တော့လို့တစ်ခါတည်းထည့်လာလိုက်တာ''
''ရပါတယ်ဗျ''
''ထူးထူးခြားခြား ဝေမောင်းချက်ထားတဲ့ဟင်းတော့စားရတော့မှာဘဲ''
''အင်းကိုအောင်''
ရုတ်တရက်မင်းနောင်ကြက်သေသေသွားရပါသည်။ထိုလူကကြက်အသည်းတစ်တုံးကိုထည့်ပေးလိုက်၍ပင်။
ကိုအောင်လွန်မောင်း တစ်ယောက်လုံးရှိနေသည်ကိုပင်
သူ့ထဲကိုထည့်ပေးလိုက်သည်လေ။မင်းနောင်ကအသက်အကြီးဆုံးမှမဟုတ်ပေဘဲ။''မကြိုက်လို့လား''
''မဟုတ်ပါဘူးဗျ''
တော်ပါသေးသည်။ဟိုဆရာများမမြင်ပေလို့မဟုတ်လျှင်မျိုးမင်းနောင်အားနာသည်။
YOU ARE READING
My Maungg
Romanceကျွန်တော့်နှလုံးသားငလျင်က ခင်ဗျားတစ်ယောက်တည်းကိုသာဗဟိုပြုခဲ့တာပါ။ တိမ်တွေကမပြိုပါဘူးခင်ဗျားရယ် လေထုကြီးရှိနေသ၍ပေါ့။ သစ္စာတရားတွေနဲ့ချည်နှောင်ထားပါခင်ဗျားရယ် ချစ်ခြင်းတွေနဲ့တီးခတ်မှာမို့ မေတ္တာသံစဉ်တွေဘဲပဲ့ထင်လာမှာပါ။ အစကတော့ကိုယ့်ကိုကိုယ်ဘာမှန်းမသိခဲ...