part12(zg+uni)

557 21 0
                                    

ဝေလွန်မောင်း တစ်ယောက်သူရင်းဌားချထားသည့်လယ်ကွက်တွေအားလိုက်ပြီးစစ်ဆေးနေရသည်အလုပ်များမှမဟုတ်တာမတွေးနိုင်မည်လေ။
ဘာလို့မှန်းမသိတစ်ခုခုကိုစိတ်ခုနေတာတော့သိသည်။ဦးကြီးသောင်းတို့ကိုအဌားချထားသည့်ပဲခင်းအားကြည့်နေတုန်းမြို့ကကျောင်းဆရာဆိုသူကယာနီးချင်းအဘစံသန်းအားတစ်ခုခုပြောနေပုံရသည်မို့သွားကြည့်လိုက်​တော့သူ့အကြောင်းပြေနေတာပင်။

သေချာကြည့်လိုက်တော့ရေလဲပုဆိုးမှာရေစိုကွက်တွေနှင့်အကျိင်္အဟောင်းကိုပြန်ဝတ်ထားသည်မို့

'''ရေမချိုးရသေးဘူးလား''

''ဗျာ''

''ဘာမှမဟုတ်ဘူး''

''ခင်ဗျားအိမ်မှာစပါးပွဲစားတွေရောက်နေတယ်လေးလေးကခေါ်ခိုင်းလိုက်လို့''

''သွားရအောင်''

လို့ပြောပြီးအိမ်မြန်မြန်ပြန်ဖို့လုပ်ရသည်။တစ်ကန်သာကစပါးမစိုက်ပေမယ့်အနီးအနားကစပါးစိုက်တဲ့ရွာတွေကစပါးတွေကို သူကလှောင်ထားသည်လေ။ရွာကလူတွေကလည်းပွဲစားတွေဆီမရောင်းကြဆိုစပါးပွဲစားတွေကလည်သည်။သူတို့လာဝယ်ပြီဆိုလျှင်ကိုယ့်ဘက်ကတင်းထားနိုင်မှတော်ကာကျမည်။စပါးချင့်သည့်တောင်းတွေကိုသူတို့ကယူလာပြီးသူတို့ဌားထားသည့်အလုပ်သမားတွေနဲ့ဘဲချိန်သည်။တောင်းတွေကလည်းသာမန်ထက်ဇောက်ပိုနက်ပြီးချင့်ပြီးလို့စပါးသယ်ရာမှာလည်းအလုပ်သမားတွေကိုမျက်စိရှုပ်အောင်လုပ်ညစ်သေးတာကရှိသည်။ဈေးလည်းယုံလို့မရမြို့ပေါ်မှာတစ်ကျပ်ဆိုရွာမှာတစ်ပြာလောက်လုပ်ချင်ကြသည့်သူတွေပင်။
(ဥပမာ မြို့မှာစပါးဈေးက 6000 ဆိုရွာမှာ 4000 ဆိုပြီးပြောကြတာမျိုး)

ထို့ကြောင့်ပွဲစားတွေလာပြီဆိုလျှင်မြို့​ပေါ်ထိတက်ပြီးတကူးတကစုံစမ်းရတတ်သည်။မြို့တောင်ရွာနှင့်အတော်ဝေးသည့်မြို့ကလူချမ်းသာတွေရဲ့ရက်ကွက်မှာသွားပြီးစုံစမ်းရမည်ပင်။အဲ့တာတွေကြောင့်ကိုကမြန်မြန်လျှောက်နေတုန်းနောက်ကဆရာကခြေခေါက်ပြီးလဲကျသလားသေးသည်။မလျှောက်နိုင်သည့်ပုံမို့ကျောပေါ်တင်ခေါ်တော့လည်းနှစ်ယောက်စလုံးလဲသွားအောင်ကိုယ်ကိုတောင့်တောင့်ကြီးနှင့်။ယောက်ျားချင်းမို့သယ်ရတာကို့ရို့ကားယားနိုင်လှသည်။နောက်ပြီးအရပ်ကလည်းရှည်ခန္ဓာကိုယ်ကလည်းတောင့်တော့ပြုတ်မကျအောင်ကထိန်းနေရသည်။

My MaunggWhere stories live. Discover now