part 30(zg+uni)

283 8 0
                                    

စိတ်ထဲအနည်းငယ်စနိုးစနောင့်ဖြစ်နေလို့မင်းနောင်အားရင်ကိုသာလွန်မောင်းကိုလိုက်ရှာမည်ဟုတွေးထားသည်။ဆေးရုံတက်ရသည့်နေ့ကစပြီးကိုသာလွန်မောင်းကသူ့ကိုသိသိသာသာရှောင်နေတာပင်။အရင်လိုလည်းထမင်းတူတူမစားတော့၊အိပ်သည့်နေရာတောင်သူ့သဘောနှင့်သူပြောင်းသွားသည်။လွန်ခဲ့သည့်တစ်ပတ်ကတည်းကိုကမင်းနောင်ကိုရှောင်နေတာဖြစ်သည်။

တစ်ခြားသူတွေနဲ့စကားပြောနေတုန်းမင်းနောင်နဲ့တွေ့ရင်စကားစဖြတ်ပြီးထွက်သွားတာမျိုးတို့၊အားလပ်ချိန်တောင်မတွေ့ရဘဲရှောင်နေတာမျိုးတို့လုပ်လာသည်။တစ်ရက်နှစ်ရက်နဲ့ကသတိမထားမိပေမဲ့ရက်ကြာလာတော့ရိပ်မိလာသည်။မင်းနောင်သူ့ကိုထိခိုက်စေမည့်အရာလည်းမလုပ်မိပါ။

''ရေနံချောင်းဆရာ''

''ဗျ''

''ကိုသာလွန်မောင်းဘယ်မှာလည်းဗျ''

''မသိဘူးလေ သူ့အတွဲ တောင်ငူကိုမေးကြည့်ပါ့လားဗျ အခုမြက်နှုတ်နေတယ် မွေးမြူရေးနားလေးမှာ''

''ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးဗျ''

မင်းနောင်တောင်ငူကဆရာဝန်ကိုတွေ့တော့ကိုသာလွန်မောင်းနဲ့ရယ်မောပြီးစကားတွေပြောနေကြသည်။အစကဘာများဖြစ်လို့လည်းလို့သွားမေးချင်ပေမယ့်အခုတော့မမေးချင်တော့ပေ။ဘာကြောင့်မှန်းတော့မသိ။ကိုယ့်ကိုကိုယ်သိမ်ငယ်မိသည်။ဒီလိုနဲ့သူ သူငယ်ချင်းတောင်ထပ်ထားမိတော့မည်ဟုမထင်တော့ပါ။

စိတ်ရင်းနဲ့ခင်မိတဲ့သူငယ်ချင်းကသူ့ရှေ့မှသူ့မကောင်းကြောင်းပေါ်တင်ပြောကတည်းကိုကစိတ်နာသွားမိတာပင်။
တစ်ခုခုဆိုလည်းကိုယ့်ကိုသာချန်ခဲ့ပြီး အရူးဇာက်သွင်းခဲ့ကြသည်။တစ်ခုခုလိုတော့မှသာကိုယ့်စီကိုရောက်လာပြီးအချိုသတ်ပေါင်း၊ကိုယ်ကလည်းသိသိရက်နဲ့မြက်ကိုကိုယ်တိုင်ရိတ်၊ကိုယ်တိုင်နှုတ်ပြီးစားခဲ့တာပင်။နောက်မလိုတော့ရင်ဖြင့် ကန်တင်း အတူထိုင်တာတောင်သူတို့စကားဝိုင်းထဲဝင်ပြောလို့မရ။မဟုတ်ဝင်ပြောခွင့်မရှိတာပင်။ကိုယ်ပြောတာကိုသိသိရက်နဲ့အရေးမလုပ်ကြတာဆိုပိုမှန်မည်။။ထိုအချိန်ကရောမင်းနောင်ဘာများမှားခဲ့မိလို့လည်း။ကိုယ်ကဘဲတစ်ဖတ်သက်ကပ်တွယ်နေသလိုဖြစ်နေ၍နောက်ပိုင်းစကားမပြောတော့ မာနကြီးတဲ့ကောင်ဟုသမုတ်ကြပြန်သည်။တစ်ချို့ဆိုမင်းနောင်လုပ်ခဲ့သည့်မတော်တဆအရာကိုပါဆွဲထည့်ပြီးမင်းနောင်ကိုသူခိုး၊စာရတ္တမရှိသည့်လူဟုလိုက်ပြောကြသည်။
ကိုယ်ကသာခင်ရတာသူကတော့ကိုယ့်ကိုခင်သလိုလိုနှင့်နောက်ကျောကိုဓားနဲ့ထိုးခဲ့သည်။

My MaunggWhere stories live. Discover now