မျိုးမင်းနောင်တို့ကြိုးကြာကန်ကိုရောက်တော့ ကိုသာလွန်မောင်း အိမ်ကိုအရင်ဝင်ကြသည်။နွားတွေကိုအစာကျွေး၊ရေတိုက်ပြီးနားခိုင်းထားသည်။ထိုကောင်ကြီးတွေလည်းအတော်ကိုပင်ပန်းနေမှာပင်။ယောက်ျားသားလေးယောက်အလေးချိန်ကနည်းတာမှတ်လို့။
ပေါင်ကွက်ဆိုလျှင်တင်းကုပ်ထဲသွင်းပြီးပြီးချင်းရေသောက်ပြီးတန်းအိပ်တော့သည်။နှစ်ကောင်သားကဘို့ကြီးတွေကလည်းအကြီးကြီး၊ချိုကြီးတွေကလည်းကောင်းလိုက်ကြသလားမမေးနှင့်တိရိစ္ဆာန်မှန်သမျှအကုန်ချစ်တဲ့မျိုးမင်းနောင်တောင်အနားကပ်ရမှာခပ်လန့်လန့်။မတော်ခွေ့လိုက်လို့အူပွင့်သေရင်ပြီးကြရော။သေတာကကိစ္စမရှိ။ရုပ်ပျက်ဆင်းပျက်နှင့်ဆိုတော့အတော်ကိုဆိုးဝါးလှ၏။ကိုသာလွန်မောင်း အမေကတော့သူ့တူသူ့သားတွေနဲ့အလွမ်းသယ်နေတာမသိနိုင်။ဒီလိုဆိုတော့သူလည်းအမေတွေအမတွေကိုလွမ်းမိသား။ရွှေဘိုကစာထဲမှာပါတာတော့ တိုးမင်းအောင်တစ်ယောက် မေမြို့ကိုရောက်ပြီးစာမသင်ချင်တော့ပြန်ဘူးဆိုသဖြင့်အဖေကအလိုလိုက်ကာ အင်ဂိုလာ ယုန်သုံးကောင်ဝယ်ပေးလိုက်ကြောင်း၊ရာသီဥတုပူ၍သေသွားကြောင်း၊အခန်းထဲတွင်ရေနွေးတွေကိုဇလုံထဲထည့်ပြီးပေါင်းတင်တာ
မင်းနောင်၏အဒေါ်ဖြစ်သူမှာထိုဇလုံကြီးအားခလုပ်တိုက်မိကြောင်း၊ကံကောင်း၍ဇလုံထဲမျက်နှာမအပ်မိကြောင်း၊တိုးမင်းအောင်လောင်းကစားဆိုလျှင်အလွတ်မပေးကြောင်းတို့ကိုစီကာပတ်ကုန်းရေးထားလိုက်သည်မှာမင်းနောင်ပင်ဗိုက်နှိပ်ရယ်ရသည်အထိ။''ဘာလို့နွားတွေကိုရီပြနေတာလည်း''
''အမလေးဗျ!!"
''လန့်လိုက်တာခင်ဗျား''
''ဒီကအသံပေးပါတယ်ဗျ ခင်ဗျားကသာငူငူကြီးနဲ့ပြုံးနေတာ
ဆိုစမ်းပါဦး ဘယ်သူများလည်း''''ကျွန်တော့ညီအကြောင်း''
''စိုးမင်းမောင်ဆိုတဲ့ကလေးလား''
''တိုးမင်းအောင်ဆိုတဲ့ညီ
မေမြို့ကျောင်းသွားတက်နေလို့ခင်ဗျားတို့နဲ့လွဲသွားတာ
ဒါနဲ့''''လာခေါ်တာခင်ဗျားကို ကျွန်တော့်အမေနဲ့မိတ်ဆက်ပေးမလို့
နောင်ကျဒီထက်ရင်းနှီးရမဲ့လူတွေဘဲကို''
YOU ARE READING
My Maungg
Romanceကျွန်တော့်နှလုံးသားငလျင်က ခင်ဗျားတစ်ယောက်တည်းကိုသာဗဟိုပြုခဲ့တာပါ။ တိမ်တွေကမပြိုပါဘူးခင်ဗျားရယ် လေထုကြီးရှိနေသ၍ပေါ့။ သစ္စာတရားတွေနဲ့ချည်နှောင်ထားပါခင်ဗျားရယ် ချစ်ခြင်းတွေနဲ့တီးခတ်မှာမို့ မေတ္တာသံစဉ်တွေဘဲပဲ့ထင်လာမှာပါ။ အစကတော့ကိုယ့်ကိုကိုယ်ဘာမှန်းမသိခဲ...