part 24(zg+uni)

276 12 0
                                    

''ကလေးတွေဆင်းကြတော့''

''ဝါး ဆရာလေးတို့အိမ်ကအကျယ်ကြီးဘဲ''

မင်းနောင်ပြုံးရုံသာပြုံးမိလိုက်ပါသည်။ဖြူစင်ကြသည့်အရွယ်တွေပေကိုး။

''ကိုဝေလွန်မောင်း အိမ်ထဲဝင်ဦး''

''ထော်လာဂျီကဒီနားထားလို့အဆင်ပြေပါ့မလား ပစ္စည်းတွေကရော''

''ထော်လာဂျီကို အရှေ့ဘက်မှာထားလိုက်ဗျ ပစ္စည်းတွေကတော့ခိုးမှာမပူရဘူး စောင့်ကြည့်ပေးနေကြတယ်''

မင်းနောင်တို့အိမ်ကမြောက်ဘက်လှည့်ထားသည်မို့အရှေ့ဘက်တွင်ထားလျှင်အဆင်ပြေသည်။

''အမေရေ မီးဖိုချောင်ထဲမှာထင်တယ် ထိုင်ကြဦးနော်''

မင်းနောင်မီးဖိုချောင်ထဲသွားမည်လုပ်တော့စိုးစိုးမောင်ကတရွတ်တိုက်သွားရင်းရောက်လာသည်။ကြည့်ရတာခုနလေးလောက်ကမှရေချိုးပြီးသည့်ပုံပင်။

''ကို ခစ်ခစ် ကို...ကို..ကို..ကိုကိုကြီး''

မင်းနောင်ချီ၍မေးလိုက်သည်။

''အင်း စိုးမောင် အမေကမီးဖိုချောင်ထဲမှာလား''

''ဟုတ် ဟုတ်တယ် ခစ်ခစ်''

''ကုတင်ပေါ်ခဏနေဦးနော်''

မင်းနောင်မီးဖိုချောင်ထဲမှာအမေ့ကိုအကျိုးအကြောင်းရှင်းပြပြီးမနည်းတားယူရသည်။ဟင်းတွေပိုချက်မလို့ပါတဲ့လေ။ဟင်းကချက်တော့ချက်ရမှာပင်။သို့ပေသိ နေ့လည်စာကိုဖြစ်သလိုစားပြီးညနေစာကျမှဖွယ်ဖွယ်ရာရာပြင်ပေးတော့မည်။အခုချက်လည်းမှီမှာမဟုတ်တော့။မင်းနောင်အလွယ်စားလို့ရမည့်လက်ဖက်သုတ်နှင့်ကြက်ဥသာကြော်ပေးလိုက်သည်။ရှိတာနဲ့သာလွေးကြတော့။

မင်းနောင်ထမင်းစားခေါ်ဖို့သွားတော့ကျွဲခေါင်းကစိုးစိုးမောင်
်နှင့်ဆော့နေသည်။ကျန်တဲ့ကလေးတွေကခပ်ကုပ်ကုပ် လန့်တော့မလန့်လောက်ဘူးထင်ပါသည်။မင်း​နောင်ဒီကလေးအတွက်စိတ်မကောင်း။အိမ်တစ်အိမ်မှာဒီလိုကလေးမျိုးပါရင်စီးပွားတတ်သည်တဲ့။
ဒါပေမဲ့ထိုစီးပွားတွေအစား ညီလေးကိုဘဲအကောင်းပတိပြန်လိုချင်မိပါသည်။
ထိုကလေးမသိတတ်တာကိုဘဲကျေးဇူးတင်ရမလားမသိတော့။တခြားကလေးတွေက စိုးစိုးမောင် ကိုမြင်ရင်ထငိုကြတာတွေတောင်ရှိသည်။ဒီကလေးစိတ်ထဲဘယ်လောက်တောင်အားငယ်နေလိုက်မလည်းလေ။

My MaunggWhere stories live. Discover now