part 35(zg+uni)

257 5 0
                                    

''ကိုဝေလွန်မောင်း ကျွန်တော်ကိုသာလွန်မောင်းဆီသွားလိုက်ဦးမယ်''

''ကိုသာ့ဆီ''

''အင်း သွားပြီဗျ''

''နေဦး ဒီအဝတ်အစားနဲ့လား''

''ဘာဖြစ်လို့လည်း''

မင်းနောင်ဝတ်ထားတာကသိပ်လည်းမစုတ်ပျက်ပါ။ဦးလေးချုပ်ပေးလိုက်တဲ့အရောင်ကျွတ်နေသောပုဆိုးနဲ့ရှပ်အနွမ်းတစ်ထည်ပင်။အသစ်မဟုတ်ပေမယ့်လို့တော့ရှုပျော်ကြည့်ပျော်ရှိပါသည်။

''ဘုရားပွဲသွားမှာကိုဒီအဝတ်အစားနဲ့လား''

''ဘုရားပွဲ''

''ကြိုးကြာကန် မှာဘုရားပွဲရှိတယ် ကိုသာကခေါ်သွားမလို့နေမှာ ခင်ဗျားတို့သွားမှာဆိုရင်ကျုပ်တို့လည်းစောင့်ကျုပ်တို့လည်းသွားမှာ ကျောင်းကလူတွေပြောမထားဘူးလား''

ဟုတ်သည်အခုမှမင်းနောင်သတိရသည်က ဆရာစိုးကြည်သောင်းကညနေကျသွားစရာရှိတယ်ဟုပြောထားသည်။တော်ပါသေးသည်အနှီလူသတိပေးပေလို့မဟုတ်လျှင်
အရောင်လွင့်နေသောပုဆိုးနဲ့တင်မင်းနောင်အရှက်ကွဲလိမ့်မည်။အရောင်တွေကဟိုနေရာကအစိမ်းကွက်၊ဒီနေရာကအပြာကွက်နှင့်အတော်ကိုကြည့်ရခက်လှသည်။

''ပြောတာကပြောတယ်ကျွန်တော်ကသတိမထားမိလိုက်တာ အဲ့တာဆိုကျွန်တော်ရေသွားချိုးလိုက်ဦးမယ် ခင်ဗျားမသွားသေးဘူးမလား''

ဆိုကာမင်းနောင်သူပြောတာကိုပင်မစောင့်ဘဲထွက်လာခဲ့ပါတော့သည်။နားထောင်လိုက်လို့သွားတော့မှာဆိုလျှင်ခက်ရချေမည်မို့။

ရေမိုးချိုးပြီးတော့ရွှေဘိုကနေသယ်လာတဲ့စတစ်အင်္ကျီလက်တိုအသားရောင်လေးနှင့်ပုဆိုးနီညိုရောင်လေးကိုတွဲဝတ်လိုက်သည်။ဒီလိုကျတော့လည်းမျိုးမင်းနောင်ကလူရည်သန့်လေးပင်။ဟိုလူကိုကြည့်တော့လည်းသူနဲ့မတူအောင်ကိုကောင်းကောင်းဝတ်ထားသည်။

''သွားကြတော့မလားဗျ''

''အင်း သွားရအောင်''

ဆိုကာမင်းနောင်ကတော့ကိုအောင်လွန်မောင်းဆီ၊ကိုဝေလွန်မောင်းကတော့ကိုသာလွန်မောင်းဆီအသီးသီးခြေဦးတည်ကြတော့သည်။အစကကိုသာလွန်မောင်ဆီသွားဖို့ပြင်ထားပေမယ့်ကိုဝေလွန်မောင်းကသွားလိုက်ရတာဖြစ်သည်။

My MaunggWhere stories live. Discover now