မင်းနောင်တစ်ယောက်ညစာစားပြီးဆရာကိုင်
ကိုပြန်ကြည့်နေလိုက်သည်။ကိုယ်ကတာဝန်ယူရသည့်နေရာကိုတော့အကောင်းဆုံးဖြစ်အောင်လုပ်ချင်သည်လေ။ခြေထောက်ကတော့ဝေလွန်မောင်းဆိုသူဆေးလိမ်းပေးထား၍သိပ်တော့မနာတော့ပါချေ။စာကြည့်ရင်းဖြင့်'တံခွန်တိုင်ရွှေကုက္ကား'ဆိုသည့်နေရာရောက်မှဘုန်းကြီးကျောင်းသို့မသွားရသေးမှန်းသတိရမိသည်။ဟုတ်သည်လေသူဒီရွာကိုရောက်တာတစ်ပတ်နီးပါးရှိနေသော်လည်းမသွားရသေးပေသွားဖို့မအားတာဆိုလျှင်ပို၍မှန်ပေလိမ့်မည်။
''လေးလေး ဗျ''
''ဟေ မောင်ရင်လေး ဘာများပြောမတုံး''
''ဟို ဘုန်းကြီးကျောင်းကဘယ်မှာရှိလည်းဗျ''
''ဟေ''
''အဲ့တာက ကျွန်တော်ဒီရောက်တာ ကြာပြီကို ဘုန်းကြီးကျောင်းတော့သွားသင့်တယ်ထင်လို့ပါဗျ အရိုအသေပေါ့ ဗျ''
''ဒါဖြင့်လည်းငမောင်းခေါ်သွားချည်ပေါ့ ထမင်းစားလာတဲ့အခါပြောလိုက်ကွယ်''
''ရပါတယ်ဗျကိုယ့်ဘာသာဘဲသွားလိုက်ပါ့မယ်''
ဝေလွန်မောင်းဆိုသူဟာထမင်းစားကလည်းတော်တော်နှင့်မလာ။လာတော့လည်းတစ်ကိုယ်လုံးဖုံတွေနှင့်။တောင်သူဆိုတော့လည်းထိုလောက်တော့ရှိမည်ပေါ့လေ။
ရောက်ကတည်းကမရွာသည့်မိုးကလည်းဘယ်တော့မှရွာမည်ပင်မသိ။ရွာသားတွေကတော့ဖြင့်လကုန်မှမလာရင်မိုးခေါ်ပွဲလုပ်ကြမည်လို့တော့ပြောသည်။မျိုးမင်းနောင်တစ်ယောက်နေရိပ်မှဘဲသွားတော့မည်ဟုကြံပြီးကွပ်ပျစ်အောက်မှာဘဲမှေးဖို့ကြိုးစားရတော့သည်။မန်ကျီးပင်အောက်မှာလုပ်ထား၍လားမသိအအေးဒဏ်ကိုတော့အံတုနိုင်သည်။မန်ကျီးတစ်ညိုလူတစ်ကိုယ်ဟုတောင်ဆိုကြသည်ဘဲလေ။
''ကျောင်းဆရာ ထတော့''
''ထတော့ ညနေရောက်နေပြီ''
မျိုးမင်းနောင်တစ်ယောက်ရုတ်တရက်ငှက်ဆိုးထိုးသံကြီးအားကြားလိုက်ရ၍အိပ်ရာထထချင်းကျက်သရေအဖြာဖြာတုံးသလိုတောင်ခံစားလိုက်ရပါသည်။ဘယ်ဘဝကရေစက်လည်းတော့မသိအနှီလူအားကြည့်လို့ကိုမပေ။မကြည့်ပြန်တော့လည်းမဖြစ်တစ်အိမ်တည်းမှာအတူနေသည်လေ။
YOU ARE READING
My Maungg
Romanceကျွန်တော့်နှလုံးသားငလျင်က ခင်ဗျားတစ်ယောက်တည်းကိုသာဗဟိုပြုခဲ့တာပါ။ တိမ်တွေကမပြိုပါဘူးခင်ဗျားရယ် လေထုကြီးရှိနေသ၍ပေါ့။ သစ္စာတရားတွေနဲ့ချည်နှောင်ထားပါခင်ဗျားရယ် ချစ်ခြင်းတွေနဲ့တီးခတ်မှာမို့ မေတ္တာသံစဉ်တွေဘဲပဲ့ထင်လာမှာပါ။ အစကတော့ကိုယ့်ကိုကိုယ်ဘာမှန်းမသိခဲ...