part 32(zg+uni)

198 3 0
                                    

ရွာပြန်ရောက်တော့နွားမြီးမိဘတွေဆီမင်းနောင်တို့သုံးယောက်သားတွေ့ပြီးသေချာပြန်ရှင်းပြရသည်။အကြောင်းအရင်ကိုသိသွားတော့ဒေါ်အုန်းစိမ်းမှာနွားမြီးကိုလိုက်ရိုက်မလို့ဟန်ပြင်နေ၍အတင်းဆွဲရသည်။ဒါတောင်ကလေးကိုအဆူကမပျက်။ဆူလည်းဆူချင်စရာပင်
ဒါပေမယ့်ရိုက်တာကိုတော့မင်းနောင်အားမပေးပါ။ကိုယ့်သားသမီးကျိုးကျိုးကန်းကန်းကိုယ်မွေးထားတာဘဲဟူသောစိတ်ဓာက်မျိုးကိုသာ၍ပင်မကြိုက်။

ချစ်၊ကြောက်၊ရိုသေ ဆိုသောစကားလုံးကိုမင်းနောင်ဆန့်ကျင်ပါသည်။
ချစ်၍ရိုသေသောသူရှိမည်။ကြောက်၍ရိုသေသောသူရှိမည်။
ချစ်ပြီးကြောက်တာကိုတော့မင်းနောင်သိပ်မတွေ့ဖူးပါ။ကြောက်လျှင်ချစ်သည့်စိတ်ရှိပါမည်လား။လူကအမျိုးမျိုးမို့ကိုယ့်စိတ်ကြိုက်မှတ်ယူနိုင်ပါသည်။

''ကဲ ကိုယ့်ဆရာ ကျောင်းကိုနေ့တစ်ဝက်လောက်နားမလား''

''ဒီနေ့ကျောင်းဖွင့်တယ်လားဗျ''

''ကိုယ့်လူကလည်းဒီနေ့တနင်္လာနေ့လေ''

''အဲ့တာဆို ကိုအောင်လွန်မောင်း က အဲ နားမလည်တော့ဘူးဗျ''

''ဒီလို ကိုယ့်ဆရာရေ ရွှေဘိုကိုလာပြီးကျောင်းဖွင့်တဲ့ရက်အမှီပြန်လာမလို့စီစဉ်ထားတာ ကိုယ့်ဆရာနဲ့တွေ့နွားမြီးကလည်းအဲ့လိုဖြစ်တော့ကြာသွားတာ နေ့တစ်ဝက်လောက်နားလိုက်''

''မဟုတ်တာလာခဲ့ပါ့မယ်ဗျ ကျွန်တော်လာချင်တယ်''

''မဟုတ်တာဘဲ...''

''သွားချင်သပါ့ဆိုလည်းသွား နေ့လယ်စာလာပို့မယ် ဒီလိုနဲ့နောက်တောင်ကျနေပြီ''

အောင်လွန်မောင်း မှာစကားပင်ဆုံးအောင်မပြောလိုက်ရ။ဒီညီအကောင်းစားလေးကတစ်ကယ့်ဘုဘောက်သမား။ကိုယ့်ဆရာကျပြန်တော့လည်းဘွင်းဘွင်းရှင်းရှင်းနိုင်ပြီးတကယ့်ပွင့်ပွင့်လင်းလင်းသမား။တစ်အိမ်ထဲဘယ်လိုများစခန်းသွားနေကြပါလိမ့်တည့်ရောတည့်ကြပါ့မလားစိတ်ပူသည်။

စိတ်ပူတာကလည်းကိုယ့်ညီကိုပင်။ကိုယ့်ဆရာကမထင်ရပေမယ့်စိတ်မြန်လက်မြန်နဲ့ဇိုးဇိုးဇွက်ဇွက်သမားတော်ကြာရန်ဖြစ်ပြီးသည်းမခံနိုင်တော့လို့တစ်ခုခုများကောက်လုပ်လိုက်ရင်သူရောကိုယ်ရောမျက်နှာပျက်ရမည့်ကိန်း။ဝေမောင်းကတော့အပြောကရိုက်ပေါက်ပေမယ့်စိတ်ထားကောင်းရှာပါသည်။အဲ့လို​ပြောတော့ကိုယ့်လူကိုစိတ်သဘောထားသေးတယ်လို့ပြောချင်တာမဟုတ်။

My MaunggWhere stories live. Discover now