18

1.6K 271 14
                                    


Chapter 18

ယန်ရန်အဖွဲ့၏ ပထမဆုံး ဖျော်ဖြေပွဲဖြစ်သည့် "ငါ မဟုတ်"ဆိုသည့်သီချင်းကို မဲမေးဆုံးဖြတ်ရာတွင် ခန်းမထဲမှပရိသတ်များသာမက အွန်လိုင်းပရိသတ်များ၏မဲပေးရလာဒ်များကြောင့် ပထမနေရာသို့ချိတ်နိုင်ခဲ့ပြီး သင်တန်းသားတစ်ဦးချင်းစီအတွက် မဲအရေအတွက် ၁သိန်း ကို အောင်မြင်စွာ ဆွတ်ခူးရရှိခဲ့ရုံသာမက သင်တန်းသားများအားလုံးကလည်း ဖျော်ဖြေရေးကာလအတွင်း ၎င်းတို့၏ အံ့မခန်းစင်မြင့်ကြောင့် ပရိသတ်များ၏ ချီးကျူးမှုကို ရရှိခဲ့ကြလေသည်။မဲအရေအတွက်ကလည်း တစ်ဆင့်ထက်တစ်ဆင့်တိုးမြင့်လာခဲ့ပြီး အဆင့်သတ်မှတ်ချက်နေရာသည်လည်း အသာစီးရကာ ဆက်လက်မြင့်တက်လျက်ရှိသည်။

အဆုံးတွင် အဆင့်သတ်မှတ်ချက်များ ကြေငြာသောအခါ ရှရှင်းရှင်း နှင့် ကျိရွှိုက် တို့သည် ထိပ်တန်းအယောက် ၃၀ သို့ တန်းတန်းမတ်မတ် ဝင်သွားကြသည်။

အဖွဲ့တွင် အနိမ့်ဆုံးအဆင့်ဖြစ်သည့် ကောင်းယွီ နှင့် ကျင်းလဲ့ထျန်းတို့သည်လည်း နံပါတ် ၄၇ နှင့် ၄၈ နေရာသို့တိုင် ခုန်တက်သွားကြလေသည်။

ဒီအဆင့်ကို ကြားလိုက်ရတော့ သူတို့တွေးမိလိုက်တာက ဒီလောက်နဲ့ပဲဖယ်ထုတ်ခံလိုက်ရပြီး ထွက်သွားရတော့မယ်လို့ တွေးမိလိုက်ကြသည်။

ဒါပေမယ့် ဖျော်ဖြေတင်ဆက်မှုတွင်ရရှိသောမဲအရေအတွက် ၁သိန်း၏ထပ်တိုးမှုသည်သူတို့၏အသက်ကိုတိုက်ရိုက်ကယ်တင်ခဲ့ပြီး ၄၄နေရာ နှင့် ၄၅နေရာ အဆင့်များသို့ရောက်လာသည်အထိ အောင်မြင်စွာတိုးတက်လာခဲ့မယ်လို့ ဘယ်သူက ထင်ထားမှာတဲ့လဲ။

ဖျော်ဖြေပွဲအပြီးတွင် ကျန်သုံးဖွဲ့သည် ပြင်းထန်စွာ ဆုံးရှုံးခဲ့ရပြီး အထူးသဖြင့် လူခြောက်ဦးကို တိုက်ရိုက်ဖယ်ရှားခြင်းခံခဲ့ရသည့် ထောင်ထောင်၏အဖွဲ့ဖြစ်သည်။

လင်းယန်ရန်အဖွဲ့တွင်သာ အစမှအဆုံးထိ ဖယ်ထုတ်ခြင်းမခံရဘဲ လူဆယ့်ငါးယောက်တိတိစလုံးကျန်ရစ်ခဲ့ပြီး ထိုသင်တန်းသားအားလုံးကလည်း အဆင့်တွေကို အပေါ်သိို့တိုက်ရိုက်ခုန်တက်လာကြသည်။

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now