🩰🩰🩰chapter-3🩰🩰🩰

55 2 0
                                    

ဦးမင်း​အောင်"ကဲ....ငါ့သမီး​လေးက၁၀တန်းလည်း​အောင်သွားပြီ....၁၈နှစ်လည်းပြည့်သွားပြီဆို​တော့daddyကသမီးအတွက်စီစဥ်စရာရှိတာစီစဥ်​ပေးရမှာ​ပေါ့။"

ကစ်"ဟွန်....daddyကဘာ​တွေစီစဥ်မလို့လဲ???မဟုတ်မှလွဲ​ရောမြန်မာကား​တွေထဲကလိုသမီးနှင့်လူကြီးချင်းသ​ဘောတူထားတဲ့​ကောင်​လေးရှိတယ်လို့​ပြောမလို့​တော့မဟုတ်ပါဘူး​​နော်.....အဲ့ကိစ္စဆိုရင်​တော့sorryပဲ....daddy....သမီးလက်မခံနိုင်ဘူး။"

ဦးမင်း​အောင်"noပါ....daddyကdaddyသမီးစိတ်မပါတဲ့ကိစ္စကိုဘာမှမလုပ်ဘူး.....သမီးချစ်တဲ့သူနှင့်လက်ထပ်​ပေးဖို့စဥ်းစားပြီးသားပါ....သမီးအိမ်​ထောင်ဖက်ကိုသမီးစိတ်ကြိုက်​ရွေးချယ်လို့ရတယ်.....သမီးကိုdaddyကယုံပြီးသား။"

ကစ်"အဲ့တာကြောင့်မို့daddyကိုချစ်တာ။"

ကစ်daddyကိုဖက်ကာချွဲလိုက်သည်.....

ဦးမင်း​အောင်"daddyစီစဥ်မယ်ဆိုတာကသမီးကိုdaddyရဲ့ပိုင်ဆိုင်မူ​တွေအကုန်လွှဲ​ပေးမလို့။"

​ဒေါ်ခင်ချို"ဘာ!!!ဦးမင်း​အောင်ရှင်ဘာ​ပြောလိုက်တာလဲ???"

ဦးမင်း​အောင်"မင်းကြားတဲ့အတိုင်းပဲ​လေ။"

​ဒေါ်ခင်ချို"ရှင်အဲ့လိုလုပ်လို့ဘယ်ရမလဲ???ဒီမှာသမီးက၂​ယောက်ရှိတာ....ရှင်အဲ့လိုလုပ်​တော့....."

ဦးမင်း​အောင်"တိတ်စမ်း....ငါရှာထားတဲ့ပစ္စည်းဥစ္စာ​​တွေကိုငါ့သမီးကိုပဲအ​မွေ​ပေးမှာ​ပေါ့.....မင်းနှင့်မင်းသမီးကိုငါ​ကောင်း​ကောင်းထား ထားတာပဲ....မင်းသမီးကိုလည်းငါ့သမီးနှင့်တန်းတူပညာ​တွေ​ကောင်း​ကောင်းမွန်မွန်သင်​ပေး​နေတာပဲ.....ငါ​သေရင်​တော့မင်းတို့သားအမိတိုက်ခန်းတလုံးရမယ်....ကျန်တာဘာမှမ​မျှော်လင့်နှင့်။"

​ဒေါ်ခင်ချို"ပြန်စဥ်းစားပါအုန်းရှင်.....ကျွန်မတို့သားအမိက....."

❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

Daddyကလက်ကာလိုက်သည်.....

ဦးမင်း​အောင်"မနက်ဖြန်ကျရင်​​ငါ့ရှေ့​​နေလာပြီးလုပ်ထုံးလုပ်နည်းအတိုင်းစီစဥ်လိမ့်မယ်....​ဘာမှထပ်မ​ပြောနှင့်​တော့.....ထပ်​ပြောရင်ငါ့​ရှေ့​​နေကိုကွာရှင်းပါစာချုပ်စီစဥ်ခိုင်းရလိမ့်မယ်။"

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now