ဇော်ဇော်ကကားထားခဲ့ပြီးတော့ပြန်သွားတော့သည်......ကားကိုသေချာကြည့်လိုက်တော့အနီရောင်ပြိုင်ကားလေးဖြစ်နေတာကစ်အရမ်းသဘောကျသွား၏.....အရောင်ကအစကစ်အကြိုက်။ပစ်လည်းဒီလိုကားလေး၀ယ်မယ်လို့စိတ်ကူးထားတာ....အခုတော့ဆန္ဒပြည့်သွားတာပေါ့။
ကားကိုလှည့်ပတ်ကြည့်နေချိန်ဖုန်းringtoneသံထွက်ပေါ်လာတော့သည်....ဖုန်းထုတ်ကြည့်လိုက်တော့သွေးဖြစ်နေတယ်။
ကစ်"hello!!!သွေး...."
သွေး"ကားရောက်ပြီလား???ဟိုကောင်ဇော်ဇော်ကိုပို့ခိုင်းလိုက်တာ။"
ကစ်"ရောက်ပြီ....ငါအရမ်းသဘောကျတာပဲ....နင်ကငါကြိုက်တာကိုရွေး၀ယ်တတ်သားပဲ....ဘယ်ဆိုးလို့လဲ။"
သွေး"နင်ကြိုက်လို့တော်သေးတာပေါ့.....ငါကနင်မကြိုက်မှာစိုးရိမ်နေတာ။"
ကစ်"အရမ်းကြိုက်တယ်....ငါအဲ့လိုကား၀ယ်ဖို့စဥ်းစားနေတာ။"
သွေး"အေးပါ....ငါနင့်ဆီလာပို့မလို့ပဲ....အလုပ်ကပေါ်လာတော့မအားတာနှင့်ဇော်ဇော်နှင့်ပဲပို့ခိုင်းလိုက်တာ။"
ကစ်"ကိစ္စမရှိပါဘူး....သွေးရယ်....နင်အလုပ်များနေတာမလား???ဖုန်းချလိုက်တော့မယ်လေ....ညနေကျမှဆုံကြတာပေါ့။"
သွေး"ok!!!bye...."
ကစ်"bye...."
ကားမှီကာဖုန်းပြောနေသည့်ကစ်ဆီကျွန်တော်အကြည့်ရောက်သွားတော့တယ်....ဘာလို့ဒီလောက်ရီနေတာလဲလို့ကျွန်တော်တွေးနေမိသည်။
ထားထား"ဦးဟိန်း.....ခဏလာအုန်း။"
ဦးဟိန်း"ဟုတ်....မမလေး...ဘာများခိုင်းစရာရှိလို့ပါလဲ???"
ထားထား"ထားမေးချင်လို့....အဲ့ကားနှင့်မမအဆီဘယ်လိုအကြောင်းကြောင့်ရောက်လာတာလဲ???"
ဦးဟိန်း"အော်....အဲ့တာကသမီးကစ်ရဲ့သူငယ်ချင်းမောင်သွေးခန့်ပို့ပေးလိုက်တာ....လက်ဆောင်ပေးတဲ့သဘောပေါ့။"
ဒါဂွင်ပဲ....ကစ်ကိုကိုရှိုင်းအမြင်မကြည်အောင်လုပ်ရမယ်.....ထိပ်တင်ထားတယောက်ကိုယ့်အကြံ့နှင့်ကိုယ်ကြိတ်၍ပြုံးလိုက်သည်။
YOU ARE READING
cinderellaမဟုတ်တဲ့cinderellaလေးကျွန်မ
Teen Fictionမိထွေးဖြစ်သူရဲ့မကြင်နာမူတွေအောက်မှာကြီးပြင်းလာတဲ့ကစ်ကရဲရင့်ပြီးထက်မြက်တဲ့သူဖြစ်သလိုသွေးအေးတဲ့typeမျိုးအဖြစ်ကြီးပြင်းပါတော့တယ်.....တနေ့မှာအကြောင်းတခုကြောင့်venixဆိုတဲ့ကောင်လေးတယောက်ကကစ်တို့အိမ်မှယာယီနေထိုင်ဖို့ဖြစ်လာတဲ့အခါ.....တွေ့တွေ့ချင်းမှာအထင်လွဲ...