ကစ်"daddy....သမီးကUsမှာတောင်တယောက်တည်းကျောင်းတက်လာတဲ့သူပါ....daddyသမီးကိုမယုံဘူးလား???"ကစ်နှုတ်ခမ်းဆူကာdaddyကိုပြောလိုက်သည်.....
ဦးမင်းအောင်"ဟုတ်ပါပြီ....daddyသမီးကိုယုံပါတယ်....ဒါပေမဲ့အန္တရာယ်မဖြစ်အောင်တော့နေရမယ်နော်။"
ကစ်"ဟုတ်....daddy....စိတ်ချ....သမီးသွားနားတော့မယ်။"
ဒီကောင်မလေးကဘယ်လိုလေးမှန်းကိုမသိတာ....ချစ်ဖို့တော့ကောင်းသားလို့ကျွန်တော်တွေးလိုက်မိ၏.....
ကစ်ဒီနေ့ပင်ပန်းလာတာကြောင့်အိပ်ယာထဲတန်း၀င်လိုက်ပြီးတခါတည်းတန်းအိပ်လိုက်သည်.....ပင်ပန်းနေလို့လားတော့မသိတခါတည်းကိုအိပ်ပျော်သွားတော့တယ်.....
မနက်ခင်းနေရောင်ခြည်ရဲ့အလင်းရောင်စူးစူးကြောင့်ကျွန်တော်အိပ်ယာကနိုးထလာတော့တယ်။ကျွန်တော်မျက်နှာသစ်အိပ်ယာသိမ်းပြီးအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
ကျွန်တော်အောက်ထပ်ရောက်ရုံရှိသေးအိမ်ရှေ့ကားဟွန်းသံကိုကြားလိုက်ရတယ်.....
ဦးမင်းအောင်"ဦးဟိန်းရေ....ဘယ်သူလဲ???"
Uncleကဧည့်ခန်းထဲကနေဦးဟိန်းကိုလှမ်းမေးလိုက်သည်ကိုကျွန်တော်ကြားလိုက်ရသည်။
ဦးဟိန်း"မောင်သွေးခန့်ပါ...."
သွေးခန့်ဆိုသည့်အသံကြောင့်ကျွန်တော့်ရဲ့မျက်ခုံး၂ခုကအလိုလိုကြုံသွားတော့သည်....စောစောစီးစီးဘာလာလုပ်ပါလိမ့်လို့ကျွန်တော်တွေးလိုက်မိသည်။
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
ဦးမင်းအောင်"ဟာ...သားသွေးခန့်....ဘယ်လိုဖြစ်လို့စောစောစီးစီးရောက်လာတာလဲ???လာ...ဒီမှာလာထိုင်။ဒေါ်မိုးရေကော်ဖီနှင့်မုန့်ယူခဲ့ပါအုန်း။"
သွေး"ကစ်နှင့်တွေ့မလို့uncleရဲ့....ဒီနေ့ကချိုလေးပြန်ရောက်မှာလေ....အဲ့တာကစ်နှင့်လေဆိပ်မှာသွားကြိုမလို့။"
ဦးမင်းအောင်"ဟုတ်လား???မင်းသူငယ်ချင်းကအိပ်နေတုန်း....uncleသွားနိုးခိုင်းလိုက်မယ်။ဒေါ်မိုးရေ...ဒေါ်မိုး။"
YOU ARE READING
cinderellaမဟုတ်တဲ့cinderellaလေးကျွန်မ
أدب المراهقينမိထွေးဖြစ်သူရဲ့မကြင်နာမူတွေအောက်မှာကြီးပြင်းလာတဲ့ကစ်ကရဲရင့်ပြီးထက်မြက်တဲ့သူဖြစ်သလိုသွေးအေးတဲ့typeမျိုးအဖြစ်ကြီးပြင်းပါတော့တယ်.....တနေ့မှာအကြောင်းတခုကြောင့်venixဆိုတဲ့ကောင်လေးတယောက်ကကစ်တို့အိမ်မှယာယီနေထိုင်ဖို့ဖြစ်လာတဲ့အခါ.....တွေ့တွေ့ချင်းမှာအထင်လွဲ...