သွေး"သွားတာတေ့ာဟုတ်ပါပြီ....ဒါပေမဲ့ချောင်းသာတို့ငွေဆောင်တို့ကသွားဖို့အရမ်းရိုးလွန်းတယ်။ပြီးတော့လူလည်းအရမ်းရှုပ်တယ်ဟ....ငါကလူများတာသိပ်မကြိုက်ဘူး။"
ချိုလေး"အဲ့တာတော့ဟုတ်တယ်.....ငါလည်းလူများတာသိပ်မကြိုက်ဘူး။"
ကစ်"အဲ့တော့တို့တွေကဘယ်သွားကြမှာလဲ..."
သွေး"မြိတ်ဖက်သွားရအောင်....မြိတ်ကျွန်းလေးတွေကအရမ်းလှတယ်ဟ....အဲ့သွားကြရအောင်။"
ကစ်"အေး...ကောင်းသားပဲ။ငါတေ့ာသဘောကျတယ်....ချိုလေး....နင်ရောဘယ်လိုထင်လဲ???"
ချိုလေး"ငါလည်းသဘောတူတယ်....ငါတို့အဲ့ပဲသွားကြတာပေါ့။"
ကစ်"အားလုံးသဘောတူပြီဆိုတော့ငါတို့ဘယ်နေ့သွားကြမလဲ???"
သွေး"မနက်ဖြန်ပဲသွားကြမယ်လေ...ဒီနေ့လိုအပ်တာတွေ၀ယ်ဖို့အချိန်လည်းရသေးတယ်လေ။"
ချိုလေး"ကောင်းသားပဲ....ငါတော့အခုပဲdaddyတို့ကိုခွင့်တောင်းလိုက်မယ်။"
ကစ်"အေး....ငါလည်းအခုပြန်တော့မယ်....daddyဆီခွင့်တောင်းမယ်....ပြီးရင်ငါတို့၂ယောက်shoppingအတူတူထွက်ကြမယ်....ငါလာမယ်...စောင့်နေနော်....ချိုလေး။"
သွေး"ငါ့ကျမပါဘူးလား???"
ကစ်"အေးပါဟယ်....ပါပါတယ်...ငါတို့သွားနေကျmarketပဲသွားမယ်လေ....နင်ငါတို့ကိုအဲ့မှာစောင့်နေလိုက်။"
သွေး"အေး...အေး...အဲ့တာဆိုငါတို့ပြန်လိုက်အုန်းမယ်နော်။"
ချိုလေး"အေးပါ....ငါစောင့်နေမယ်။"
ကစ်သွေးရဲ့ကားနှင့်ပဲအိမ်ပြန်ခဲ့လိုက်တယ်....သွေးကတော့ကစ်ကိုပို့ပြီးတာနှင့်ပြန်သွားလေရဲ့။ကစ်အိမ်ထဲရောက်တော့daddyကရှိုင်းမာန်နှင့်စကားပြောနေသည်ကိုတွေ့လိုက်ရတယ်။
ကစ်"daddy!!!"
ဦးမင်းအောင်"သမီးတောင်ပြန်လာပြီ။"
❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄
ကစ်"daddy....သမီးကိုခွင့်၁လပေး....သူငယ်ချင်းတွေနှင့်ခရီးသွားမလို့။"
YOU ARE READING
cinderellaမဟုတ်တဲ့cinderellaလေးကျွန်မ
Teen Fictionမိထွေးဖြစ်သူရဲ့မကြင်နာမူတွေအောက်မှာကြီးပြင်းလာတဲ့ကစ်ကရဲရင့်ပြီးထက်မြက်တဲ့သူဖြစ်သလိုသွေးအေးတဲ့typeမျိုးအဖြစ်ကြီးပြင်းပါတော့တယ်.....တနေ့မှာအကြောင်းတခုကြောင့်venixဆိုတဲ့ကောင်လေးတယောက်ကကစ်တို့အိမ်မှယာယီနေထိုင်ဖို့ဖြစ်လာတဲ့အခါ.....တွေ့တွေ့ချင်းမှာအထင်လွဲ...