🩰🩰🩰chapter-27(final)🩰🩰🩰

93 2 0
                                    

     ကစ်daddyကိုဖြစ်ကြောင်းကုန်စင်အကုန်ပြောပြလိုက်တယ်.....daddyကစ်တို့ကိုကူညီပေးခဲ့တဲ့ဦးလေးနှင့်အန်တီကိုအရမ်းကျေးဇူးတင်နေတာ....ကစ်တို့အခုလိုအန္တရာယ်အဖြစ်ပဲပြန်ရောက်လာတာကိုdaddyငအရမ်းပဲ၀မ်းသာနေတာ။

အိမ်မှာဟိုသားအမိတော့မရှိကြဘူး.....daddyကဒေါ်ခင်ချိုနှင့်ကွာရှင်းလိုက်ပြီတဲ့.....ဒေါ်ခင်ချိုကကစ်တို့ဆီကဘာမှမရမှန်းသိတော့သူ့အလိုလိုခွာသွားတာလေ။

     သတင်းကြားတာတော့ထိပ်တင်ထားကအသက်၄၀ကျော်လုပ်ငန်းရှင်တယောက်နှင့်လက်ထပ်တော့မှာဆိုပဲ....အဲ့တာကြောင့်daddyကိုခွာချသွားတာ။

     အခုတော့ကစ်အိမ်မက်ဆိုးကနေလွတ်မြောက်လာသလိုခံစားရတယ်....ဒေါ်ခင်ချိုတို့လည်းမရှိဘူး....ကစ်ချစ်ရတဲ့သူကိုလည်းတွေ့နေပြီ။

     ကစ်ရဲ့ဘ၀ကိုအကောင်းတွေပဲလာတော့မယ်လို့ထင်တယ်.....ကစ်ရှိုင်းကိုချစ်နေမိပြီထင်တယ်....ကစ်ရဲ့နှလုံးသားကိုဆက်ပြီးမလိမ်ညာချင်တော့ဘူး.....သူ့ကိုချစ်တယ်လို့အဖြေပြန်ပေးလိုက်တော့မယ်။

ကစ်သူ့ကိုအဖြေပေးမယ်ဆိုပြီးသူ့အခန်းထဲကို၀င်လာလိုက်တယ်.....အခန်းထဲရောက်တော့သူကပစ္စည်းတွေသိမ်းနေတယ်.....

ကစ်"ရှိုင်း....ရှင်ဘာလုပ်နေတာလဲ???"

ရှိုင်း"အော်...ကစ်....ကိုဒီကနေပြောင်းတော့မလို့...ကို့companyနားမှာတိုက်ခန်းတခု၀ယ်ထားပြီးပြီ....ရှေ့လျှောက်ကိုကcompanyကိစ္စတွေနှင့်အလုပ်များတော့မှာဆိုတော့အဲ့မှာပြောင်းနေတော့မလို့။ဦးလေးကိုလည်းကိုပြောပြီးသွားပြီ....ဦးလေးကခွင့်ပြုတာနှင့်ဒီရက်ပိုင်းအတွင်းပြောင်းဖို့လုပ်နေတာ။"

ကစ်"ရှင်ပြောင်းမယ်ဆိုတာကစ်ကိုဘာလို့မပြောတာလဲ???"

ရှိုင်း"ဟာ....ဟုတ်သားပဲ....ကိုကစ်ကိုပြောဖို့မေ့တာ....sorryပဲကွာ။"

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

ကစ်"ခွင့်မလွှတ်ဘူး....daddyကိုကျတော့ပြောပြီးကစ်ကိုကျတော့မပြောဘူး....ရှင့်ကိုလေစိတ်ဆိုးတယ်...သိလား???အကြီးကြီးစိတ်ဆိုးတယ်။"

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now