🩰🩰🩰chapter-23🩰🩰🩰

37 1 0
                                    

    ကျွန်တော့်အသံကြောင့်ကစ်နိုးလာခဲ့တယ်....

ရှိုင်း"သတိရလာပြီလား???ကစ်...."

ရုတ်တရတ်ကျွန်တော့်ပါးကိုသူမရဲ့လက်နုနုလေးနှင့်ထိကိုင်လိုက်တယ်.....သူမလက်ကလေးနှင့်ထိတွေ့လိုက်ချိန်မှာနှလုံးခုန်သံဟာတဒိန်းဒိန်းမြည်လာခဲ့သလိုရင်ခုန်သံတွေကလည်းတစတစမြင့်တက်လာတော့တယ်။

     သူမကကျွန်တော့်ကိုမမှတ်မိပေ....ကျွန်တော့်ရင်ခွင်ထဲ၀င်ပြီးရည်းစားစကားတောင်ပြောနေတာ....ကျွန်တော့်ရင်ခွင်ထဲရောက်နေသည့်သူမလေးကိုကျွန်တော်ပြန်၍မလွှတ်ပေးချင်တော့ပေ.....တခါတည်းတာအပိုင်သိမ်းထားလိုက်ချင်တော့တယ်......

နောက်တော့သူကျွန်တော့်ရင်ခွင်ကိုမှီပြီးအိပ်ပျော်သွား၏....အဲ့တာနှင့်သူမကိုချီပြီးအိမ်သို့ပြန်လာလိုက်တယ်.....သူမကလေးလေးတယောက်လိုကျွန်တော့်ရင်ခွင်ထဲမှာအိပ်ပျော်နေတော့သည်....ချစ်ဖို့ကောင်းလွန်းနေသည့်ကစ်လေးရဲ့ပါးကိုအမြတ်တနိုးကျွန်တော်နမ်းရှိုက်လိုက်မိတော့တယ်။

       လရောင်၊ကြယ်ရောင်လေးတွေအောက်မှာကျွန်တော့်မင်းသမီးလေးကပိုတောင်လှနေသလိုပါပဲဗျာ....

   ကျွန်တော်အိမ်နောက်ကနေပတ်၀င်လိုက်ပြီးကစ်ကိုအခန်းထဲပို့ပေးလိုက်တယ်....ကစ်ကိုအိပ်ယာပေါ်တင်ပေးပြီးတော့အခန်းထဲကနေထွက်လာမလို့လုပ်တဲ့အချိန်မှာကစ်ကကျွန်တော့်လက်ကိုဆွဲထားလိုက်တာကြောင့်အိပ်ယာပေါ်လဲကျသွားတော့သည်.....ကစ်ကလဲကျသွားတဲ့ကျွန်တော့်ရင်ခွင်ထဲ၀င်လာပြီးဖက်ပြီးအိပ်နေတော့၏....ကျွန်တော့်ကိုအရုပ်လို့ထင်ပြီးဖက်ပြီးအိပ်နေတယ်လို့ထင်ပါတယ်ဗျာ......

     သူမပြန်အိပ်ပျော်သွားတော့မှပဲကျွန်တော်အခန်းထဲကထွက်လာခဲ့လိုက်တယ်.....သူမအခန်းထဲကထွက်ပြီးတော့သွေးတို့နှင့်သိမ်းစရာရှိတာတွေကူသိမ်းပေးလိုက်တယ်......

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

အဲ့ညလေးကိုတော့ကျွန်တော်ဒီတသက်မေ့တော့မှာမဟုတ်ပါဘူးဗျာ....

   ကျွန်တော်သူမနှင့်အတူရှိခဲ့တာကိုပြန်တွေးရင်းပြုံးလိုက်မိတယ်.....ကျွန်တော်သူမကိုအဲ့ညကအကြောင်းတွေကိုပြောပြဖို့မဝံ့ဘူး....သူမကျွန်တော့်ကိုစိတ်ဆိုးပြီးအခေါ်အပြောမလုပ်တော့ရင်.....အိုး....ကျွန်တော်တွေးတောင်မတွေးရဲဘူး....သူမနှင့်အဆင်ပြေတဲ့တက်ဆံရေးကိုပဲကျွန်တော်လိုချင်တယ်....သူမအမုန်းတွေကျွန်တော့်အပေါ်ရောက်မှာသေတာထက်ကိုပိုကြောက်မိတယ်။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now