🩰🩰🩰chapter-22🩰🩰🩰

38 1 0
                                    

   သွေးလက်စွပ်ကိုဝတ်လိုက်တဲ့အခါလက်စွပ်ကမတော်ပဲလက်ဆစ်မှာကျပ်နေခဲ့၏.....

      အင်း.....အဲ့တာဆိုဒီလက်စွပ်ပိုင်ရှင်သွေးမဟုတ်ဘူးပေါ့....တော်ပါသေးရဲ့...သွေးကိုသာပေါက်ကရတွေလျှောက်ပြောမိရင်မျက်နှာ‌ပူနေရမှာ။

ကစ်"သွေး....ဒါနင်ဒီလက်စွပ်ကိုတနေရာမှာမြင်ဖူးလား???"

သွေး"ငါ့လက်စွပ်မှမဟုတ်တာ....ငါကဘယ်လိုလုပ်မြင်ဖူးမှာလဲ....ဒါနှင့်နင်တို့ဆီကိုဒီယောင်္ကျား၀တ်လက်စွပ်ကဘယ်လိုလုပ်ရောက်နေတာလဲ???"

ချိုလေး"နင်သူငယ်ချင်းကစ်လေ....မနေ့ကဝိုင်တွေစွတ်သောက်ပြီးကောင်လေးတယောက်ကိုသွားပြီးပေါက်ကရတွေ‌လျှောက်ပြောလိုက်တယ်လေ....."

ချိုလေးကသွေးကိုဖြစ်ကြောင်းကုန်စင်ပြန်ပြောပြလိုက်တယ်။

သွေး"ကစ်...နင်ကလေလုပ်လိုက်ရင်အရာရာနှင့်အကြောင်းကြောင်းချည်းပဲ....အဲ့တာကြောင့်အဝေးကြီးတွေတယောက်တည်းလျှောက်မသွားပါနှင့်လို့ပြောတာကိုနားမှမထောင်တာ....ကံကောင်းလို့လူကောင်းနှင့်ဆုံတာ....ရန်ကုန်ပြန်ရောက်ရင်အန်ကယ်နှင့်ပြန်ကိုတိုင်အုန်းမှာ။"

ကစ်"နင်ကလည်း....ဒယ်ဒီ့ကိုတော့ပြန်မတိုင်ပါနှင့်....ဒယ်ဒီသာသိရင်နောက်ဆိုခရီးထွက်လို့ရတော့မှာမဟုတ်တော့ဘူး။"

ချိုလေး"အေးလေဟယ်....ဒါကစ်လေးရဲ့အပြစ်မှမဟုတ်တာ...."

ကစ်တို့သူငယ်ချင်း၂ယောက်သနားစရာကောင်းအောင်ပြောလိုက်တော့သွေးကသက်ပြင်းချကာစိတ်လျှော့လိုက်တယ်.....

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

သွေး"ဒါနှင့်နေစမ်းပါအုန်း....နင့်ကိုကမ်းခြေကနေပြန်ခေါ်လာပေးတဲ့သူကဘယ်သူလဲ????"

ကစ်"ငါလည်းမသိဘူး.....ငါအိပ်ယာကနိုးလာတော့အိပ်ယာဘေးမှာဒီလက်စွပ်ကိုတွေ့တာပဲ....ငါထင်တာတော့ဒီလက်စွပ်ကငါနှင့်ကမ်းခြေမှာဆုံခဲ့တဲ့လူရဲ့ပစ္စည်းလို့ထင်တာပဲ။"

သွေး"နင်ပြောသလိုဆိုညကနင်နှင့်ဆုံခဲ့တဲ့သူကဒီအိမ်မှာနေတဲ့သူဖြစ်ဖို့များတယ်...."

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now