🩰🩰🩰chapter-11🩰🩰🩰

33 1 0
                                    

ထားထား"ကိုရှိုင်း....ထားထားကိုကျောင်းလိုက်ပို့ပါလား???"

ရှိုင်း"ရတယ်....ကျွန်​တော်နှင့်လည်းလမ်းကြုံတယ်..."

ကျွန်​တော်ထားထားနှင့်အတူအိမ်က​နေထွက်လာ​လိုက်တယ်.....

ရှိုင်း"ထားထား....အဲ့​သွေးခန့်ဆိုတဲ့​ကောင်​လေးကအိမ်ကိုအမြဲ၀င်ထွက်​နေတာလား???"

ထားထား"ဟင်...ကိုရှိုင်းကအဲ့တာဘာလို့သိချင်တာလဲ???"

ရှိုင်း"ဒီလိုပါပဲ....အိမ်ကိုအမြဲ၀င်ထွက်​နေလို့​မေးကြည့်လိုက်တာ။"

ထားထား"ကိုကသိချင်​တော့လည်းထား​ပြောပြရမှာ​ပေါ့....မမကစ်မှာသူငယ်ချင်း၂​ယောက်ရှိတယ်...တ​ယောက်ကကိုရှိုင်း​ပြောတဲ့​အကိုသွေးခန့်၊​​နောက်တ​ယောက်က​တော့မမအိချိုဇင်၀င်း။သူတို့၃ယောက်ကငယ်ငယ်ကတည်းကသိခဲ့ကြတာလေ....ပြောရမယ်ဆိုမူကြိုတက်ကတည်းကဆိုပါတော့။"

ရှိုင်း"သူတို့ကအကြာကြီးသိခဲ့ကြတာပေါ့။"

အဲ့တာကြောင့်သူတို့ကဒီလောက်ထိရင်းနှီးနေကြတာကိုး.....

ထားထား"ဟုတ်တယ်....ကိုရှိုင်းရဲ့....ကိုသွေးနှင့်မမကစ်ကအရမ်းရင်းနှီးသလိုမိဘချင်းကလည်းအရမ်းရင်းနှီးကြတယ်လေ....ကိုသွေးမိဘတွေဆိုမမကစ်ကိုသမီးရင်းလေးတယောက်လိုကိုချစ်တာ။တနေ့ကျရင်ကိုသွေးနှင့်မမကစ်တို့ချစ်သူဖြစ်သွားလိမ့်လို့ထားထင်တယ်....မမကစ်ကceoမမ၊ကိုသွေးကလည်းအင်ဂျင်နီယာကိုကို....သူတို့ကအရမ်းလိုက်ဖက်တယ်နော်။"

ချစ်ခွန်းကစ်မှာချစ်ရသူရှိသလိုပြောထားမှကိုရှိုင်းကသူ့ဖက်ကိုစိတ်မရောက်မှာ.....

ရှိုင်း"မပြောတတ်ဘူးလေ....."

ကျွန်တော်ဘာစကားမှမပြောနိုင်တော့ပဲသက်ပြင်းသာချလိုက်မိတော့၏။

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

ကစ်"သွေး....ငါပြီးပြီ...."

သွေး"အေး...အေး။ဒါနှင့်ထိပ်တင်ထားနှင့်ထွက်သွားတဲ့သူကဘယ်သူလဲ???"

ကစ်"ရှိုင်းမာန်ကိုပြောတာမလား???သူကဟိုမိန်းမကြီးမိတ်ဆွေရဲ့သားတဲ့....မိုးကုတ်ကလို့daddyပြောတယ်.....ဒီကိုလုပ်ငန်းလုပ်မလို့ဆိုပြီးရောက်နေတာ....ဟိုမိန်းမကြီးကတော့သမက်ဖမ်းမလို့လုပ်နေလေရဲ့....သား...သားနှင့်အကဲတွေပိုနေတာ။"

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now