🩰🩰🩰chapter-16🩰🩰🩰

36 1 0
                                    

ကစ်အိပ်ပျော်နေသည့်ရှိုင်းမာန်ကိုငေးကြည့်နေမိတော့သည်....အဲ့အချိန်ရုတ်တရတ်ရှိုင်းမာန်ရဲ့မျက်လုံးတွေပွင့်လာခဲ့၏....သူခိုးလူမိသလိုဖြစ်သွားတာကြောင့်ကစ်ရှက်သွေးဖြာသွားတော့၏။

ကစ်"ဟို...ဟိုလေ....breakfastမစားဘူးလား???သူငယ်ချင်းတွေကလည်းမေးနေကြလို့။"

ရှိုင်း"sorryပါ....ကျွန်တော်မှေးရင်းခဏအိပ်ပျော်သွားလို့...."

ကျွန်တော်ကားပေါ်ကတင်းရင်းပြောလိုက်တယ်....

ရှိုင်း"ကစ်....မျက်နှာကဘာလို့နီနေတာလဲ???နေမကောင်းလို့လား???"

ဒီလူကတော့....ဒါမိန်းကလေးတယောက်ကိုမေးရမဲ့မေးခွန်းလား???လူအကြီး.....

ကစ်"မဟုတ်ပါဘူး....အပိုတွေမမေးနှင့်...သွားကြမယ်။"

ကစ်ရှက်ရှက်နှင့်မြန်မြန်လျှောက်လိုက်ပြီးဆိုင်ထဲသို့၀င်သွားခဲ့လိုက်သည်.....

ရှိုင်း"အကို့အတွက်မုန့်ဟင်းခါးနှင့်လက်ဖက်ရည်ကျစိမ့်တခွက်....."

ချိုလေး"အကို....အကိုကမြိတ်ဖက်ကိုသွားနေကြလား???"

ရှိုင်း"ဟုတ်တယ်ဗျ....ဒေါ် ဒေါ် ကအဲ့မှာကျွန်တော်ငယ်ငယ်ကတည်းကနေတာလေ...အဲ့တော့ခဏခဏရောက်ဖြစ်တယ်။"

ကစ်တို့ရှိုင်းမာန်နှင့်စကားတွေအများကြီးပြောဖြစ်ကြတယ်....စကားပြောကြည့်လိုက်တော့သူကသိပ်မဆိုးရှာပါဘူး....သူကယဥ်ကျေးတဲ့လူတယောက်ပါ။

မနက်စာစားပြီးတော့ကစ်တို့ခရီးဆက်ခဲ့ကြတယ်။

ကစ်"ကားသော့ပေး...."

ရှိုင်း"ဘာလုပ်မလို့လဲ???"

ကစ်"ကားသော့တောင်းမှတော့ကားမောင်းမလို့ပေါ့....ရှင်ကမနက်စောစောမောင်းထားတာဆိုတော့အိပ်ချင်နေမှာပေါ့....ကျွန်မတလှည့်မောင်းလိုက်မယ်။"

ပြောပြောဆိုဆိုနှင့်ကားသော့ယူကာကားပေါ်တက်သွားသည့်ကောင်မလေးတယောက်....သူကသူလုပ်ချင်တာကိုလုပ်တတ်တဲ့ကောင်မဆိုးလေး....ဒါပေမဲ့သူကကျွန်တော်အတွက်ချစ်ဖို့ကောင်းနေတော့တယ်။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now