🩰🩰🩰chapter-21🩰🩰🩰

33 1 0
                                    

     ကစ်ရန်ဖြစ်တဲ့အသံတွေကိုခပ်တိုးတိုးလေးကြားရတယ်....

ကစ်....ကစ်....ကစ်ဆိုတဲ့အသံကိုကြားရတာကြောင့်အားယူကာမျက်လုံးကိုဖွင့်ကြည့်လိုက်တယ်....‌ကစ်ကိုခေါ် နေတဲ့သူကကစ်တို့အရွယ်ယောင်္ကျားလေးတယောက်ပဲ....လရောင်ဝါးဝါးလေးမှာသူ့ရဲ့မျက်နှာကိုသေချာမမြင်ရပေ....ဘယ်သူလဲလို့တော့မသိပေမဲ့သူကချောတဲ့သူတယောက်ဆိုတာတော့ကစ်သိတယ်

ကစ်"ဘယ်သူ့သားလေးလဲ???ချောလိုက်တာ....."

ကစ်ပြောရင်းကောင်လေးရဲ့ပါးလေးကိုကိုင်လိုက်တယ်.....

ကစ်"မင်းလေးကဘယ်သူလဲဆိုတာတို့အရမ်းသိချင်တယ်....တို့တွေ့ဖူးခဲ့သမျှထဲမှာမင်းလေးကအချောဆုံးပဲ....တို့ရဲ့နှလုံးသားကိုမင်းကိုအပိုင်ပေးမယ်....တို့ကိုပြန်ချစ်နိုင်မလား???"

ကစ်သူ့ကိုပါးလေးကိုအနမ်းပေးလိုက်တယ်.....နောက်တော့ကစ်အရမ်းအိပ်ချင်လာပြီးသူ့ပုခုံးပေါ် မှီကာအိပ်ပျော်သွားခဲ့တော့တယ်....အဲ့နောက်ပိုင်းကစ်ဘာမှမမှတ်မိတော့ဘူး.....လုံးလုံးကိုအိပ်ပျော်သွားခဲ့တာမနက်၁၀နာရီကျော်မှအိပ်ယာကနိုးလာတော့တယ်။

     အွန်း.....ရေငတ်လိုက်တာ....ရေဆာလာတာနှင့်အိပ်ယာဘေးကရေဘူးကိုဖွင့်ကာသောက်လိုက်တယ်။ရေသောက်နေတုန်းမှာညတုန်းကအဖြစ်အပျက်တွေကအတွေးထဲပြန်ရောက်လာတော့သည်။

ဟင်....ညကမူးမူးနှင့်ငါဘာတွေလျှောက်လုပ်ခဲ့တာလဲ???အဲ့သူကဘယ်သူလဲ???ဒုက္ခပါပဲ....ရှက်လိုက်တာ....ကစ်ရှက်ရှက်နှင့်ဘေးကဖက်ခေါင်းအုန်းကိုနှချက်ဆင့်ထိုးလိုက်တယ်။ဒါနှင့်ညကဘယ်လိုလုပ်အိမ်ပြန်ရောက်လာတာလဲ???ငါဘာသာပြန်‌ရောက်လာတာလား???ဒါမှမဟုတ်ဟိုကောင်လေးပဲပြန်ပို့ခဲ့တာလား???

    ❄❄❄❄❄❄❄❄❄❄❄❄❄❄❄❄

    ဘယ်လိုပြန်စဥ်းစားပြန်စဥ်းစားမမှတ်မိတာကြောင့်ချိုလေးကိုပဲမေးဖို့ဆုံးဖြတ်လိုက်တယ်....မနက်စာစားနေတဲ့ချိုလေးကိုလက်ဆွဲကာအခန်းထဲကိုခေါ် လာလိုက်သည်။

ချိုလေး"ကစ်ရယ်ဘာများအ‌ရေးတကြီးပြောစရာရှိလို့လဲဟယ်....ငါ့ကိုမနက်စာတောင်ကောင်းကောင်းစားခွင့်မပေးဘူး။

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now