🩰🩰🩰chapter-20🩰🩰🩰

34 1 0
                                    

ကစ်"ရှင်ကဈေးတော်တော်၀ယ်တတ်တာပဲ....ကျွန်မတောင်အဲ့လောက်ဈေးမ၀ယ်တတ်ဘူး။"

ရှိုင်း"အဲ့လိုလည်းမဟုတ်ပါဘူးဗျာ....ငယ်ငယ်လေးကတည်းကမေမေဈေး၀ယ်ရင်လိုက်နေကျမို့လို့ပါ....အဲ့တာကြောင့်နည်းနည်းပါးပါး၀ယ်တတ်တာပါဗျာ။"

ကစ်"အဲ့တာဆိုအခုအားကိုးမယ်နော်....ကစ်ကဈေးသိပ်မ၀ယ်တတ်လို့။"

ရှိုင်း"ရပါတယ်....ဒါနှင့်ကျွန်တော်တို့ဘာ၀ယ်ဖို့ကျန်သေးလဲ???"

ကစ်"သိပ်တော့မကျန်တော့ပါဘူး....အကင်နှင့်အအေးဘူးတွေဝယ်ဖို့ပဲကျန်တော့တယ်။"

ရှိုင်း"အင်း....အဲ့တာဆိုဟိုဆိုင်မှာပဲ၀ယ်လိုက်မယ်လေ....."

ရှိုင်းနှင့်ကစ်ဆိုင်ထဲသို့အ၀င်မှာရှိုင်းကိုကောင်မလေးတယောက်က၀င်တိုက်မိတယ်။

သက်ထား"တောင်းပန်ပါတယ်ရှင်.....ဟယ်!!!ရှိုင်း....."

ရှိုင်း"သက်ထား..နင်သက်ထားမလား???"

သက်ထား"ဟုတ်တယ်လေ....နင်ဘယ်တုန်းကဒီရောက်နေတာလဲ???"

ရှိုင်း"နည်းနည်းတောင်ကြာနေပြီ....ဒေါ်ဒေါ်နေမကောင်းလို့သတင်းလာမေးရင်းရောက်လာတာ။"

ကစ်ကိုဖယ်ကာ၂ယောက်သားစကားကောင်းနေတာကြောင့်ကစ်စိတ်ထဲဘ၀င်မကျပေ.....ဒေါသထွက်သလိုစိတ်ကောက်ချင်သလိုလိုဖြစ်နေမိ၏.....

   ကစ်ဆိုင်ထဲသို့၀င်ကာ၀ယ်စရာရှိတာ၀ယ်ပြီးတဲ့အထိသူတို့စကားပြောတာမပြီးသေးပေ.....အဲ့တာနှင့်ကစ်ခြေဆောင့်ကာပစ္စည်းတွေယူပြီးသူတို့ရှေ့ကနေထွက်လာခဲ့လိုက်တယ်.....

ရှိုင်း"ကစ်....ကစ်....ဒီကောင်မလေးကတော့ဘယ်သွားပြန်ပြီလဲအသိဘူး....သက်ထားရေခွင့်ပြုပါအုန်း....နောက်မှတွေ့မယ်....သူငယ်ချင်းရေ။"

သက်ထား"အေး....အေး။"

သက်ထားကိုနှုတ်ဆတ်ပြီးကစ်နောက်ကိုပြေးလိုက်လာလိုက်တယ်.......

ရှိုင်း"ကစ်....ကစ်....ကစ်"

ကျွန်တော်သူ့ကိုခေါ်ပေမဲ့သူကျွန်တော့်ကိုလှည့်မကြည့်ပဲခြေလှမ်းကျဲတွေဖြင့်သာဆက်လျှောက်နေလေ၏.....

cinderellaမဟုတ်တဲ့cinderellaလေးကျွန်မWhere stories live. Discover now