ချစ်ကြိုးရှုပ်
Part - 2နှင်းရည် အိပ်ပျော်နေရာမှ ဖျတ်ခနဲ နိုးလာသည့်အချိန်တွင် အနားမှာ ကင်း မရှိတာမို့ ကမန်းကတန်း ဘေးဘီလိုက်ကြည့်မိသည်။ ဟိုတယ်၏ ဆိုဖာပေါ် နှစ်ခြိုက်စွာ အိပ်မောကျနေရင်း လက်ထဲမှာလဲ သားရေအနက်ရောင်ဖုံးထားသည့် စာအုပ်လေးကို ပွေ့ပိုက်ထားသည်။ရင်ထဲ ထိခိုက်သွားရသလို ညကလဲ လူကို တစ်ချက်မျှသာနမ်းရုံနမ်းပြီး သူ့အလုပ်သူ ရှူပ်နေသဖြင့် ကိုယ် က အိပ်ယာပေါ် စောင့်နေရင်း အိပ်ပျော်သွားရတာ ခုမှပင် နိုးတော့သည်။
တစ်ဖက်သက်အချစ်ဟာ တကယ် ပင်ပန်းလွန်းသည်။ ကျောင်းမှာတုန်းကလဲ ကျောင်းမှာမို့ ၊ လက်မထပ်ခင်ကလဲ တစ်မျိုး ၊ လက်ထပ်ပြီးတော့လဲ တစ်ဖုံ အမျိုးမျိုး တွေးပူပြီး ပူလောင်ဒေါသထွက်နေရသည်။ ညက ကိုယ့်မှာ ရေမိုးချိုးပြီး အမွှေးနံ့သာတို့ဖြင့် ပြင်ဆင်ကာ မဂ်လာဦးညအား မျှော်လင့်ခဲ့သည့်တိုင် ခဲလေသမျှ သဲရေကျ။
အိပ်ပျော်နေသည့် အနားလျှောက်လာကာ ချောမောသည့် မျက်နှာသွင်ပြင်အား ငေးကြည့်နေရင်း ကိုယ့်စိတ်ကို ကိုယ်ပြန်လျှော့ကာ ကင်း၏ နဖူးပြင်အား ငုံ့နမ်းမိသည်။ အိပ်မောကျနေတာမို့ စောင်ခြုံပေးရင်း သူ့လက်ထဲမှ စာအုပ်အား ဆွဲယူကာ သိမ်းပေးရန် ပြင်လိုက်ပေမယ့် သျှင်မင်းနာမည်ကို ဖျတ်ခနဲ မြင်လိုက်ရသဖြင့် ပြန်ဖွင့်ကြည့်မိသွားသည်။
ခုထိ မင်းကို ချစ်နေမိသေးတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ် သျှင်မင်းယာ။ ကိုယ် မင်းကို ဘယ်လောက်ထိ ချစ်ခဲ့ရသလဲ မင်း မသိခဲ့ဘူး။
ကြည့်စမ်း.....သူက တစ်ညလုံး သျှင်မင်းကို တမ်းတလွမ်းဆွတ်နေတာပါလား။ သူ့ ရှေ့တင် သူ့အတွက် အသင့်ရှိနေသည့် ကိုယ့်ကို ပလှစ်ကာ သျှင်မင်းယာကိုပဲ လွမ်းမောနေသည်မို့ မခံချင်စိတ်က ဖျဥ်းခနဲ။ ကမန်းကတန်း အရှေ့စာမျက်နှာတွေလှန်ကြည့်မိတော့.....
ဖွင့်ပြောဖို့ ပြင်ဆင်ထားပေမယ့် ကိုကို့ ကလေးက ငယ်သေးတယ်။ ကိုကို့ မျက်စိရှေ့တင် ယုယကြင်နာမှုအပြည့်နဲ့ ပျိုးထောင်လာခဲ့ရသူမို့ ကိုကို့ မျက်လုံးထဲ အမြဲတမ်းကလေးလေးပဲ။ ကိုကိုလေ သိပ်ချစ်လိုက်တာဗျာ။
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...