💗 ချစ်ကြိုးရှုပ် 💗
Part - 21သျှင်မင်း သမီးကိုချီကာ ဆေးစစ်ရန်ရှိသည်ဆိုပြီး သွားရန်ပြင်နေသည့် ကင်းကြောင့် နားမလည်တာမို့ အတင်းလိုက်မေးနေခြင်းပင်။ မနက်ထဲက သမီးကို သွေးစစ်ရန်ဆိုပြီး လာစစ်သွားသည်ကလဲ ရှိသေးသည်။
" ဘာဖြစ်နေတာလဲလို့.....ကျွန်မ မေးနေတယ်လေ။ "
ကင်း အသည်းအသန် လိုက်မေးနေသည့် သျှင်မင်းကြောင့် သက်ပြင်း ချလိုက်မိသလို ဘယ်လိုပြောရမှန်းလဲ မသိ။မေမေက သူ နဲ့ သျှင်မင်းကို ကြည့်ပြီး သူ့လက်ထဲမှ သမီးကို ပွေ့ချီကာ....
" လာ...မြေးလေး နဲ့ ဖွားက ကစားကွင်းခဏသွားရအောင်နော်။ "
ဆေးရုံ မှာ ကလေးကစားကွင်းပါ ရှိသည်မို့ မေမေက သမီးကို ပွေ့ချီပြီး ရှောင်ထွက်သွားပေးသည်။ သူ သျှင်မင်း နဲ့ မျက်နှာချင်းဆိုင်လိုက်ရင်းမှ သမီးအခြေအနေကို ပြောပြရန် အားယူလိုက်ရင်း....
" ညက ဆေးအဖြေရတယ်..."
သျှင်မင်း ရင်ထဲထိတ်ခနဲ ဖြစ်သွားရကာ တစ်ခုခု မှားပြီမှန်း သိလိုက်၏။ သူ့ မျက်နှာကို ကြည့်တော့လဲ အံကိုတင်းတင်း ကြိတ်ထားရင်း မျက်ရည်စတွေဝဲနေသည်မို့ သျှင်မင်း အလိုလို နောက်ဆုတ်မိသွားရသည်။
" သမီးက ခွဲစိတ်ရမယ်တဲ့...ပြီးတော့...ပြီးတော့ သမီးရဲ့ စိတ်အခြေအနေက သူများတွေပါ ရန်မူလိမ့်မယ်ပြောတယ် ။ "
" ဟင့်အင်း.....ရှင်....ရှင် ဘာတွေပြောနေတာလဲ။ မဟုတ်ဘူး.....သျှင်မင်း သမီးက..."
ကင်း ခေါင်းခါယမ်းကာ ငြင်းဆန်ရင်း လဲကျသွားသည့် သျှင်မင်းကို ဆွဲပွေ့လိုက်ရင်းမှ ခပ်တင်းတင်း ဖက်ထားမိသည်။ သူ့ရင်ဘတ်ကို တဗုန်းဗုန်း ထုရိုက်ရင်း ငိုကြွေးနေသည့် သျှင်မင်း ဘယ်လောက် ခံစားရမလဲ သူ သိ၏။
---------------------------
" အရင်ဆုံး ခွဲစိပ်ဖို့ လုပ်ကြတာပေါ့။ ခွဲစိပ်ပြီးမှ Sweety ရဲ့ စိတ်ကို တဖြည်းဖြည်း ကုကြရလိမ့်မယ်။ "မိုးတစ်ည၏ စကားကို သူ ခေါင်းငြိမ့်ပြရင်း ဘေးတွင် မလှုပ်မယှက်လေးထိုင်ကာ မျက်ရည်တွေသာ ကျနေသည့် သျှင်မင်းကို သူ ရင်ထဲမကောင်းစွာ ငေးစိုက်ကြည့်မိသည်။
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...