ချစ်ကြိုးရှုပ်
Part - 17ဆေးရုံနံ့ခပ်ပြင်းပြင်း နဲ့အတူ မပီဝိုးတဝါးအသံတွေကြောင့် သူ့ သတိအာရုံက ကပ်လိုက်မကပ်လိုက် ဖြစ်နေသည်။
" သား....သားလေး..."
မေမေ့အသံကို ကြားနေရပေမယ့် သူ့နားထဲ အသံစူးစူးတွေကပါ ပဲ့တင်ထပ်နေပြန်သည်။ မျက်ဝန်းတို့ကို မရမက အားယူဖွင့်ရင်း သူ ချက်ချင်း သတိရမိသည်က သမီး.....သူ့ သမီးလေး။
" ကင်း....မင်း သတိရပြီလား။ "
" သျှင်မင်း.......သျှင်မင်း နဲ့ ငါ တွေ့မှ ဖြစ််မယ်။ "
အတင်းကုန်းထလာသည့် ကင်းကို ကျမ်းမဟာ ငေးစိုက်ကြည့်နေရင်း သက်ပြင်းချမိသည်။ ဘေးမှ အန်တီရွှေပိုးလဲ သူ့သားကို စိတ်မကောင်းသလို ငေးကြည့်ရင်း အခုမှ လူငယ်တွေ၏ အကြောင်းကို စေ့စေ့သိရသည့် အဖြစ်။ ခုလဲ သားသတိမေ့သွားတာ နှစ်ရက်ကျော်ပင်။
" မေမေ......ကျွန်တော် သျှင်မင်း နဲ့ တွေ့ရမှ ဖြစ်မယ်။ "
အားဆေးသွင်းထားသည့် ဆေးပိုက်တွေကို ဆောင့်ဆွဲဖြုတ်ပစ်ရင်း ခုတင်ပေါ်မှ ဆင်းရန်ကြိုးစားနေသည့် ကင်းကို ကျမ်းမဟာ တွန်းထားလိုက်ရင်းမှ......
" စိတ်ကိုအေးအေးထားစမ်း ကင်း ။ သျှင်မင်း က မရှိတော့ဘူး။ "
သူ့စကားကြောင့် မော့ကြည့်လာသည့် ကင်းကို သူ ခေါင်းငြိမ့်ပြလိုက်ရင်း.....
" ကိုရီးယားမှာ စာမေးပွဲပြန်သွားဖြေနေတယ်။ Sweety ပါ ခေါ်သွားတာ။ "
" ဘာ......! "
စည်းချက်ကင်း မျက်ဝန်းတွေက ပြူးကျယ်သွားရင်း ပိုပြီး ထိတ်လန့်ကြောက်ရွံ့သွားရသည်။ ဘာလို့လဲ......သူ့ဆီမှ ထွက်ပြေးကြတာလား။ ပြန်မလာကြတော့ဘူးလား။ သူ သိတယ်....ဒါ သူ့ဆီကနေ ပြေးကြတာ...သျှင်မင်းက သူ့ကို စိတ်အရမ်းနာနေမှာ။ သူ့ကို အရမ်းမုန်းနေမှာ။
အတွေးနဲ့တင် ရင်ထဲ ဗြောင်းဆန်သွားရကာ လူလဲ ရူးမတတ်ပင်။ သူလိုက်သွားမည် ....ကိုရီးယားမကလို့ ဘယ်ကမ္ဘာဆီ ပြေးပြေး သူလိုက် တောင်းပန်ပါ့မယ်။
" ငါ......ငါ လိုက်သွားမယ်။ "
ကျမ်းမဟာ ခေါင်းကိုခါယမ်းပြရင်းမှ ရုန်းကန်နေသည့် ကင်းကို အတင်းဆွဲထားရသည်။ အတန်ကြာအောင် သတိလက်လွတ် ရုန်းကန်နေပြီးမှ ဒူးညွှတ်ကျသွားကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည့် သူငယ်ချင်းဖြစ်သူအား မချိတင်ကဲ ကြည့်ရင်း သူ အားပေးကာ ဖက်ထားပေးမိသည်။
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...