ချစ်ကြိုးရှုပ်
Part - 11ကားလေးထဲ တိတ်ဆိတ်နေလျက် နှစ်ယောက်သား ဘယ်သူမှ စကားမဆိုမိကြပဲ လေအေးတွေသာ တိုက်ခတ်နေလေသလိုပင်။ ကိုကိုကလဲ ကားပေါ်တွင်သာ ထိုင်နေပေမယ့် သျှင်မင်းကို လှည့်မကြည့်သလို ကားပြတင်းအပြင်ဘက်သာ မလှုပ်မယှက် ငေးစိုက်ကြည့်နေတာ ရောက်ထဲကပင်။
သျှင်မင်း မျက်ရည်စတို့ ကို သုတ်လိုက်ရင်းမှ ကိုကို့ကိုသာ မျက်တောင်မခတ် ငေးစိုက်ကြည့်နေမိသည်။ ရက်ပိုင်းအတွင်း ကိုကို့ပုံစံက သိသိသာသာ ညှင်းသိုးသိုးဖြင့် မျက်နှာတွေချောင်ကျသွားသည်။ ဆံပင်တို့က ဖြီးသင်ထားခြင်း မရှိသလို အင်္ကျီကအစ ကြယ်သီးအစုံတပ်ထားခြင်းပင် မရှိ။
ဘယ်လောက် စိတ်ထိခိုက်နေမှန်း အတိုင်းသား မြင်နေရတာမို့ သျှင်မင်း ရင်ထဲမကောင်းစွာ ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိသည်။ ကိုကိုက စည်းစနစ်အရမ်းကြီးသလို သေသေသပ်သပ်သာ နေတတ်သူပါ။ ဘယ်လောက်နေမကောင်းဖြစ်ဖြစ် ဆံပင်သေချာဖြီးသင်၍ စတိုင်ကျကျသာ ဝတ်စားတတ်ကာ ကြယ်သီးအစုံတပ်ထားရမှ နေတတ်သည့်လူ။ ရေမွှေးနံ့တထောင်းထောင်း နဲ့ ကိုကိုက အခု ရနေတာ အရက်နံ့ဖျော့ဖျော့သာ။ ကြည့်ရတာ ညတုန်းက သောက်ထားပုံရသည်။
" ကိုကို..... "
ကြားနေကျ နူးညံ့ချိုသာသော အသံလေးကို ကြားတော့ ကင်းကိုယ်ကြီးက ဆတ်ခနဲ ဖြစ်သွားရသည်။ သက်ပြင်းချလိုက်မိရင်းမှ လှည့်မကြည့်ပဲ ဆုံးဖြတ်ထားသည့်အတိုင်း......
" ကိုကိုတို့ လက်ထပ်ကြရအောင် ။ "
" ဟင် ! "
တအံ့တသြ အာမေဋိတ်သံလေးထွက်လာသည့်အခါ သျှင်မင်းကို လှည့်ကြည့်လာသည့် ကိုကို။
" ဟုတ်တယ်......ကိုကိုတို့ လက်ထပ်ကြမယ် ကလေး။ "
" ဒါ...ဒါပေမယ့်..."
သျှင်မင်းကို စကားဆက်ပြောခွင့်မပေးပဲ ခေါင်းခါယမ်းပြလိုက်သည့် ကိုကို့ ကြောင့် စကားကို ဆက်မပြောနိုင်ပဲ ကိုကို့ မျက်နှာကိုသာ ငေးကြောင်ကြည့်နေမိသည်။ ရင်ထဲတလှပ်လှပ်နှင့် တုန်ယင်လာရင်း အတွေးတွေက ချက်ချင်း ရှုပ်ယှက်ခက်လာသည်။
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...