💖 ချစ်ကြိုးရှုပ် 💖
Part - 15
မိုးတစ်ည မျက်နှာလေးအပျက်ကြီးပျက်ကာ နေရာတွင် ခွေကျသွားသည့် ချာတိတ်ကြောင့် ကမန်းကတန်း ဆွဲထိန်းပေးလိုက်ရင်း ရင်ထဲထိတ်သွားရသည်။ ဘာကြောင့်လဲ မသိပေမယ့် သူမလေး ဒီလောက်အထိ စိတ်ထိခိုက်သွားတာ သူ စိုးရိမ်သည်။
" ချာတိတ်.... ချာတိတ် သတိထားလေ။ "
" သမီး.....သမီးလေး.....အဟင့်....ဟင့် "
မိုးတစ်ည Sweety လေးများ တစ်ခုခု ဖြစ်လို့လားဟု တွေးလိုက်မိရင်း မေ့လဲကျသွားသည့် ချာတိတ် ကြောင့် လူက ပြာယာခပ်သွားရသည်။ ကမန်းကတန်း ပွေ့ချီလိုက်ရင်းမှ အနီးနားရှိ ဆေးရုံဆီ ပြေးထွက်လာကာ စိုးရိမ်စိတ်ကြောင့် လူလဲ မျက်စိထဲ ဘာမှမမြင်တော့။
ချာတိတ်၏ ပင်ပန်းမှူ မှန်သမျှ သူ အတိုင်းသား မြင်နေရသည်။ အခြားသူတွေထက် ကိုယ်က စိတ်ကို အထူးကုသည့် လူမို့ ချာတိတ်စကားတစ်ခွန်းပြောလျှင် ချာတိတ်၏ စိတ်ထဲက မွန်းကြပ်မှူတွေကို ခံစားမြင်နေရသည်။
စာသင်ရင်း အလုပ်လုပ်ကာ အရမ်းကြိုးစားသည်။ ဂျပန်မှာ ကလေးမွေးတုန်းကလဲ တစ်ယောက်ထဲ၊ ကိုရီးယားရောက်လာကာ ကျောင်းတက်တော့လဲ တစ်ယောက်ထဲ။ ကလေးကိုလွမ်းတော့လဲ သူမလေးမှာ မျက်ရည်တစမ်းစမ်း လူမသိအောင်ခိုးခိုးငိုနေတာ သူသိသည်။
တစ်ခါတစ်လေ ငေးငိုင်နေရင်း မျက်ရည်တွေဝဲနေတတ်သည့် အချိန်တွေလဲ ရှိသလို စာကျတ်ရင်း တစ်ယောက်ထဲ ခိုးငိုနေတတ်တာလဲ သူ တွေ့ဖူးသည်။ ဘဝမှာ သနားစရာကောင်းသော အနေအထားနှင့် မိန်းကလေးပေါင်းများစွာ သူ တွေ့ဖူးပေမယ့် သူ့မေတ္တာမိုး ဟာ သူမလေးအပေါ်သာ သီးသန့်သွန်းဖြိုးချင်တာမျိုး။ ဂရုဏာစေတနာတွေဟာ ကွက်ကျား ဒလဟော စီးဝင်တာမျိုး။အချစ်ဟာ တစ်ကိုယ်ကောင်းဆန်စေသလား မသိပေမယ့် သူကတော့ သူမ နဲ့ ပက်သက်သည့် အရာအားလုံး ကို ချစ်သည်။
----------------------------------
သျှင်မွေ့ သတိပြန်ရပြီးထဲက သူမအနားမှာပဲ ကပ်နေသည့် Sweety လေးကြောင့် တစ်ချိန်လုံး ခွာလို့မရပဲ အနားနေပေးရသည်။ အခုလဲ မုန့်စားနေသည်ကို ဘေးတွင် ထိုင်ကြည့်နေရင်း ကလေးကို ကြည့်ကာ ရင်ထဲမကောင်း။
![](https://img.wattpad.com/cover/366379480-288-k172391.jpg)
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...