💗 ချစ်ကြိုးရှုပ် 💗
Part - 19
" ဦးလေးကြီးကို မုန်းတယ်...... မုန်းတယ်။ "
" ဖေညကို နာအောင် လုပ်တယ်....အီးးးဟီးး "
" ရှင့်ကို မုန်းတယ် စည်းချက်ကင်း... ကျွန်မတို့ သားအမိနဲ့ ဝေးဝေးနေပေးပါ။ "
နားထဲပဲ့တင်ထပ်နေသည့် အမုန်းတရား၏ မြည်ကြွေးသံတွေဟာ သူ့နှလုံးသားကို ဆတ်ဆတ်ခါသည်အထိ နာကြင်စွာ ရိုက်ခတ်မြည်ဟီးနေ၏။ လက်ထဲမှ အရက်ခွက်ကို တရှိန်ထိုးမော့ချမိတော့ ပူလောင်ပြင်းပြမှုဟာ ရင်ထဲကို ပိုမီးတောက်စေကာ သွေးတွေဆူဝေလာစေသည်။
" အဟွန်း.....စည်းချက်ကင်း စည်းချက်ကင်း မင်း ချဥ်ဖတ်ဖြစ်နေပြီပဲ။ "
တကမ္ဘာလုံးကလူတွေ မုန်းတီးတာ ခံနိုင်ရည်ရှိပေမယ့် သျှင်မင်းနဲ့ သမီး၏ မုန်းတီးမှုကို မခံယူရဲပဲ အကြောက်ကြီးကြောက်ပါသည်။ မိုးတစ်ညကို ဖေးထူနေသည့် သမီးပုံစံကို မြင်လိုက်ရသည့် အချိန် သူ့အသဲဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရသည်။
သျှင်မင်းကလဲ သူ့ကို ခါးသီး၏။
သမီးကလဲ မိုးတစ်ညကိုသာ လိုလားသည်။
သူဟာ အပြစ်တွေ အဲ့လောက်ကြီးခဲ့သည်လား...ဘယ်သူမှ ခွင့်မလွှတ်နိုင်သည်အထိ အပြစ်များခဲ့ရအောင် သူ ထိုအချိိန်က ဘာကိုမှ မမြင်ပဲ အတ္တတွေကြီးခဲ့ပုံရသည်။ဒယီးဒယိုင်ထရပ်လိုက်ရင်းမှ ဆိုင်ထဲက ပြန်ထွက်လာကာ ကားဆီ ပြန်လျှောက်လာခဲ့၏။ ကားပေါ်တက်ရင်း သူ့ဦးတည်ရာ အိမ်မဟုတ်ခဲ့။
လွမ်းလိုက်တာ......ခဏပဲ ဖြစ်ဖြစ်ပါ။
ခဏပဲ ဖြစ်ဖြစ် မျက်နှာလေး မြင်ချင်သည်။ အနီးနားမှာ ရှိနေရင်ကို ကျေနပ်သည်။သျှင်မင်း ဦးညကို ဆေးထည့်ပေးရင်းမှ ခပ်ပြုံးပြုံးရှိနေနိုင်သေးသည်မို့ မျက်စောင်းထိုးလိုက်မိသည်။ သမီးကို အကြာကြီးချော့ရကာ ဦးညက ဘယ်လိုပြောလိုက်မှန်းမသိ သမီးက အငိုတိတ်လျက် မောပန်းပြီး အိပ်ပျော်သွားပြီ ဖြစ်သည်။
" ဦးည ဆေးရုံသွားရင် ဒဏ်ရာတွေနဲ့ ဘယ်လိုလုပ်မလဲ။ "
" ပြောလိုက်မှာပေါ့....ဇနီးလောင်းက ခုထဲက အနိုင်ကျင့်နေပါပြီဆိုပြီး။ "
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...