ချစ်ကြိုးရှုပ်
Part - 4စည်းချက်ကင်း စာကျတ်နေရင်းမှ ဘေးနားက ဖုန်းကို မကြာခဏ လှမ်းလှမ်းကြည့်နေမိသည်။ အရင်ကဆို သူ စိတ်ဆိုးရင် မနေတတ်ပဲ ပြန်လာခေါ်နေကျကို ခုချိန်ထိ ဖုန်းမဆက်လာသလို အိမ်လဲ မလိုက်လာ။ ဟိုကောင်က ဘာကောင်မို့လို့လဲ။ အလကား သူများဇနီးလောင်းနား လိုက်ကပ်နေတာ။ ကိုယ်ကတော့ သူမလေး ငယ်သေးပါတယ်ဆိုပြီး ဆန္ဒတွေ အချစ်တွေ မြိုသိပ်ကာ သူမလေး၏ ပညာရေးကိုပဲ ဦးစားပေး ဂရုစိုက်နေတာ။ သျှင်မင်းယာ...သျှင်မင်းယာ လုံးဝ မကျေနပ်ဘူး။ လာခေါ်လဲ ခွင့်လွှတ်မယ် မထင်နဲ့။
! တူ တူ တူ !
ထမြည်လာသည့် ဖုန်းသံကြောင့် လှိုက်ခနဲ ဝမ်းသာသွားသည့် စိတ်က နောက်ကျနေ၍ လက်က ကမန်းကတန်း ဖုန်းကျသွားမှာ စိုးရိမ်ကာ အမြန်ကိုင်ပြီး ပြုံးမိသွားရသည် ။
ဟင်
ထင်သလို သူမလေးမဟုတ်ပဲ နှင်းရည်ဆီကမို့ မျက်နှာပျက်သွားရသလို လူလဲ စိတ်ပျက်လက်ပျက်။
" ပြော.....နှင်းရည် ။ "
နှင်းရည် ကင်း အသံကြောင့် ပြုံးလိုက်မိကာ " နှင်းရည် စာနားမလည်လို့ပါ။ ကင်း ရှင်းပြပေးပါလား။ " ဟု ပြောလိုက်သည်။ မဟုတ်လျှင် စကားစဖြတ်ကာ ဖုန်းကို ခဏလေးနှင့် ချသွားတတ်သည် မဟုတ်လား။
စာရှင်းပြနေရင်း စိတ်က ဖုန်းသာ မြန်မြန်ချချင်နေသည့် စည်းချက်ကင်း ။ သူ့ စိတ်ထဲ သျှင်မင်း ဖုန်းဆက်လာလျှင် သူ ဖုန်းမအားလို့ ပြန်ချသွားမှာ စိုးရိမ်နေကာ ရင်မောနေရသည်။
" နားလည်ရင် ဖုန်းချလိုက်တော့မယ်နော် နှင်းရည်။ "
" ကင်းကို သျှင်မင်း ဖုန်းဆက်သေးလားဟင်။ "
ဖုန်းချမည့်လက်မှာ ရပ်သွားရရင်း သက်ပြင်းချလျက် " မဆက်ဘူး " ဟု ပြန်ဖြေလိုက်သည်။ သူ့ စကားကြောင့် တစ်ဖက်မှ နှင်းရည်မှာ....
" သျှင်မင်းကလဲလေ......အရမ်းလွန်တာပဲ။ ကင်း သူ့အပေါ်ထားတဲ့ စေတနာကို ဘေးက နှင်းရည် တောင် အတိုင်းသားမြင်နေရတယ်။ သူမှားတာ တောင်းပန်သင့်တာပေါ့။ ဒါပေမယ့် သူက မတောင်းပန်နိုင်ဘူးပဲ ပြောနေတာ ကင်းရဲ့။ "
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...