💞 ချစ်ကြိုးရှုပ် 🌗
Part - 13စည်းချက်ကင်း အိပ်ယာထက်အိပ်ပျော်နေသည့် နှင်းရည်ကို ကြည့်ရင်း ဟိုတယ်အခန်းအပြင်ထွက်လာကာ ဘားကောင်တာတွင် ထိုင်ကာ တစ်ယောက်ထဲ သောက်နေခြင်း ဖြစ်သည်။ နှင်းရည်လဲ နေမကောင်းတာမို့ မနက်ဖန် ရန်ကုန်ပြန်ရန် လက်မှတ်ဖြတ်ပြီးပြီ ဖြစ်၏။
ခုချိန်ဆို သူမလေးရော ထွက်သွားပြီထင်ပါရဲ့။ ဟန်းနီးမွန်းဆိုပြီး အနိုင်နဲ့ပိုင်းကာ ထွက်လာသည့် သူကရော....။ အနိုင်ရပေမယ့်လဲ မပျော်နိုင်ပဲ တစ်ချိန်လုံး သူ့ကိုယ်သူ ဘာဖြစ်လို့ဖြစ်နေမှန်းပင် ကိုယ်တိုင်မသိတော့။ တစ်ချိန်လုံး ဒေါသချည်း လှိမ့်ထွက်နေကာ ဘာဆိုဘာမှ အလိုမကျနိုင်။ ရုတ်တရတ် ခလုတ်တိုက်မိရင်တောင် တနေကုန် ဒေါသမပြယ်နိုင်တာမျိုး.... နှင်းရည်ကို အားနာပေမယ့် သူ့စိတ်လဲ သူထိန်းလို့မရ။
ဟန်းနီးမွန်း သာ ထွက်လာသည် နှင်းရည်အနား နာရီဝက်ကြာအောင်ပင် သူ ရှိမနေဖူးခဲ့ပါ။ လင်မယားအရာမြောက်ဖို့ထက် အများဆုံးက နဖူးနမ်းမိရုံ။ နှင်းရည်က အခွင့်အရေး ပေးသည်တောင် ခက်နေသည်က သူ။ နှင်းရည်နား ညဖက် ဝင်အိပ်မိလျှင်တောင် တစ်ချိန်လုံး သူမမျက်နှာလေး မြင်ယောင်ကာ အထိအတွေ့တို့ကို တမ်းတမိလာသဖြင့် ကိုယ့်ကိုယ်ကိုယ် စိတ်တိုရသည်မှာ ရူးမတတ်။
နောက်ဆုံး သူ ဆိုဖာထက်တွင် အိပ်ခဲ့ရသည်အထိ ပင်။ နှင်းရည်ကို မျက်နှာပူပေမယ့် သူ မတတ်နိုင်ပဲ ကိုယ့်ဝမ်းနာကိုယ်သာ သိသည်။
" ကင်း...."
ပခုံးကို ထိလာသည့် လက်တစ်စုံနှင့် ခေါ်သံချိုချိုကြောင့် သူ လှည့်မကြည့်ပဲ နှင်းရည်ဆိုတာ သိသည်။ ဘေးတွင် လာဝင်ထိုင်ရင်းမှ သူ့ပါးကို ဖွဖွကိုင်ကာ....
" ကင်း အရမ်းသောက်မနေနဲ့လေ။ အခန်းပြန်ကြရအောင်နော်။ "
" အင်းပါ....."
သူ့လက်မောင်းကိုချိတ်လာသည်မို့ ငဲ့ကြည့်လိုက်မိပေမယ့် သူ သက်ပြင်းသာချမိသည်။ အခန်းဆီ အတူပြန်လာရင်းမှ အခန်းထဲရောက်သည်နှင့် လူလဲ မူးနေပြီမို့ ဆိုဖာပေါ် ပစ်လှဲချမိသည်။
![](https://img.wattpad.com/cover/366379480-288-k172391.jpg)
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...