ချစ်ကြိုးရှုပ်
Part - 12စည်းချက်ကင်း ကားကို အိမ်ထဲဝင်လာသည်နှင့် မေမေ နဲ့အတူ အိမ်ထဲက ထွက်လာသည့် သျှင်မင်းကို မြင်လိုက်ရသဖြင့် ငေးခနဲ ကြည့်မိသွားသည်။ မတွေ့ရတာ အတော်ကြာပြီမို့ မလွမ်းဘူးလားလို့ မေးရင် သူ ပြန်ဖြေနိုင်မှာ မဟုတ်။ ကားပေါ်မှ ဆင်းလာသည့် သူ့ကို မြင်တော့ ငေးငေးလေး ကြည့်နေသိမို့ မသိဟန်ဆောင်ကာ အိမ်ထဲ တန်းဝင်ရန် ပြင်လိုက်သည်။
" သား.....သမီးလေးကို လိုက်ပို့လိုက်ဦးလေ။ "
" ကျွန်တော် ပင်ပန်းနေပြီ မေမေ...."
" ရပါတယ် မေပိုး....သျှင်မင်း ကားငှားပြီး ပြန်လိုက်ပါ့မယ်။ "
စည်းချက်ကင်း ခြေလှမ်းတို့က မေမေလှမ်းဆွဲထားသဖြင့် တုန့်ခနဲ ဖြစ်သွားရကာ ကျစ်ခနဲ စုပ်သပ်လိုက်မိသည်။ စိတ်မရှည်သလို လှမ်းကြည့်ရင်းမှ....
" ကားပေါ်တက်....."
သျှင်မင်း ကြည်ဖြူခြင်းဆိုတာ မရှိသည့် ကိုကို့ဟန်ပန်ကြောင့် သက်ပြင်းလေးချမိရင်း ကားပေါ်တက်ရန် ပြင်လိုက်သည်။
" နောက်ကတက်....."
သျှင်မင်း မျက်ရည်လေးဝဲခနဲ ဖြစ်သွားရရင်း ကိုင်ထားသည့် ကားရှေ့ခန်းတံခါးကို လွှတ်ကာ အနောက်မှ တက်လိုက်၏။ ထိုင်ရုံပဲ ရှိသေး ဆတ်ခနဲ မောင်းထွက်လိုက်တာမို့ လူက ဖရိုဖရဲ ဖြစ်ကာ ခုံအောက် ပြုတ်ကျသွားသဖြင့် လက်က လှမ်းထောက်မိတော့ အောင့်တက်သွားရသည်။ တစ်ချက်မှ လှည့်ကြည့်ခြင်းမရှိသလို မေးဖော်ပင်မရတာမို့ တမင်လုပ်မှန်းလဲ သိသည်။
ကားခုံလေးပေါ် ပြန်တက်ထိုင်လိုက်စဥ် ရပ်သွားသည့် ကားကြောင့် ငေးခနဲ ကြည့်မိသွားသည်။ အခုမှ လမ်းထိပ်ပဲ ရောက်သေးသည်မို့....
" ကိုကို့...."
" ဆင်းတော့......ငါ သွားစရာရှိတယ်။ "
" ဟင်...."
နားမလည်သလိုလေး ကြည့်နေသည်မို့ စည်းချက်ကင်း ကားတံခါးဖွင့်ကာ ဆင်းချလာရင်း နောက်ခန်းတံခါးကို ဆွဲဖွင့်ကာ ကားပေါ်မှ ဆွဲချပစ်လိုက်သည်။
" ဆင်းတော့....ငါ့ရည်းစားနဲ့ ချိန်းထားတယ်...မင်းကို အချိန်မပေးနိုင်ဘူး ။ "
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...