ချစ်ကြိုးရှုပ်
Part - 10ဆေးရုံရောက်လာသည့် သျှင်မွေ့ သတိမရသေးသည့် ညီမဖြစ်သူကို ကြည့်ပြီး အလန့်တကြားဖြင့် ဘေးမှာရှိနေသည့် ကောင်လေးကို ကဲကြည့်မိသည်။
" ဘယ်လိုဖြစ်တာလဲ.... မင်းက ဘယ်သူလဲ။ "
" ကျွန်တော် ပြောစရာရှိတယ် အစ်မ။ "
နားမလည်သလို ငေးကြည့်ရင်းမှ ထိုကောင်လေးနဲ့အတူ အခန်းအပြင်လိုက်လာရင်း မျက်နှာချင်းဆိုင်မိလိုက်မိသည်။ တစ်ခွန်းချင်း ကြားနေရတဲ့ စကားတွေကို မယုံကြည်နိုင်သလို လူပင် ယိုင်ကျသွားရသည်မို့ ကမန်းကတန်း ဆေးရုံနံရံကို ထိန်းကိုင်လိုက်ရသည်။
ကိုယ့်ညီမက ဒီလိုအဖြစ်အပျက်မျိုး ကြုံရသည်တဲ့လား။ ဒီကလေးဟာ အင်မတန် လူကြောက်သည့် ကလေးပါ။ ဒီကလေးမှ တိုက်တိုက်ဆိုင်ဆိုင် ကြုံရက်လေခြင်း။
" ဘာမှတော့ မထိခိုက်သွားဘူးဆိုတာ ကျွန်တော်အာမခံပါတယ်အစ်မ။ သက်သေVd လဲ ကျွန်တော်စတစ်ထဲကူးပြီး လာပေးပါ့မယ်။ "
သျှင်မွေ့ နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားမိသည်။ သျှင်မင်းသာသီးခံလိမ့်မည်....မွေ့ကတော့ အဲ့မိန်းမကိုတစ်စစီ ဆွဲဆုတ်ပစ်မှာပင်။
------------------------
စည်းချက်ကင်း လူမှန်းမသိအောင် မူးနေပြီမို့ ကားပေါ်တင် လူက အရုတ်ကြိုးပြတ် ။ ဆိုင်ထဲမှာ တစ်နေကုန် တစိမ့်စိမ့် ထိုင်သောက်သည်။ အားမရ၍ ကားပေါ်ရောက်တော့လဲ ဆက်သောက်သည်။ အခုတော့ လူက အမူးလွန်ပြီး ရူးသည့်အဆင့်ရောက်နေပြီပင်။
" အေ့.....အားးး မိန်းမယုတ်....အလကားမိန်းမ။ အီးးးဟီး....မင်း မင်း လုပ်ရက်လိုက်တာ ကလေးရယ်...မင်း ကိုကို့ကို ရက်စက်လိုက်တာ။ "
အရက်ကို လူမှန်းမသိ အောင် မူးထူးသည်အထိ သောက်ပြီး မူးလာတော့ တင်းထားသမျှ မာနဟာ အရည်ပျော်ကျသည်။ သူ့ အဖြစ်က ဘာလဲ။ နွားလား.....မဟုတ်တာ..သူ မှ သူမလေးကို လက်မထပ်ရသေးပဲ။ ဒါဆို ငတုံးပေါ့....ဟုတ်သည်။ ငတုံးမှ စောက်ဖြစ်မရှိအောင် တုံးအခဲ့သည့်ကောင်။
နောက်ကျော ဓား နဲ့ထိုးခံရလို့ နာကြင်ပေမယ့် ထိုသူက သူ သိပ်ချစ်ရတဲ့ သူမလေး ဖြစ်နေတာကို နာကြည်းမဆုံး။ ဘာလို့လဲ....ဘာလို့ သူ့ကိုမှ ရက်ရက်စက်စက် ဖောက်ပြားရက်တာလဲ။
YOU ARE READING
ချစ်ကြိုးရှုပ် ( Complete)
Romanceအချစ်ဆိုတာ လှည့်ဖျားမှုတွေကို အရင်းခံသောနာကျင်မှုပြယုဂ်ဆိုလျှင် အဘယ်သို့သောသူတွေက ငြင်းချက်ထုတ်လာကြမည်နည်း။ အချစ်ကြောင့် အမြဲပျော်ရွှင်နေရသည့် နာကျင်မှုကင်းသောလူတွေလား။ အလူးအလိမ့်ခံစားရသည်ကိုပင် မျက်ကွယ်ပြုကာ ပေးဆပ်သူကြီးဟု ခံယူထားကြသည့် အရှုံးသမား...