P.3

3.6K 92 0
                                    

ချစ်ကြိုးရှုပ်
Part - 3

သျှင်မင်း ခြံထဲမှ ဒန်းပေါ်တွင် ထိုင်နေစဥ် ခြံထဲထိုးဝင်လာသည့် ကားကြောင့် မျက်နှာလေးကို တမင်ငယ်ထားလိုက်သည်။ သိသားပဲ...ကိုကို လိုက်ချော့မယ်ဆိုတာ။ ကားပေါ်က ဆင်းလာရင်း သျှင်မင်းဆီလျှောက်လာသည့် ကိုကို့ ကို မျက်စောင်းလှမ်းထိုးပစ်ကာ.....

" ဘာလာလုပ်တာလဲ... ။ "

" ဟောဗျာ.....ခင်ဗျားလေးပဲ မနက်စာလိုက်ကျွေးဆို။ ကျွန်တော်မျိုးကြီးက လိုက်လာရတာပေါ့။ "

" သွားပါ...ကိုကို့ ကို မခေါ်ဘူး။ "

နှုတ်ခမ်းစူကာ အခြားဘက်ပင် တမင်စောင်းထိုင်လိုက်သည်မို့ စည်းချက်ကင်း အသဲယားစွာ ပြုံးမိသွားသည်။  အကုန်လုံးက အလိုလိုက်မှန်းသိလို့ ဒီကလေးမဟာ ဆိုးကိုဆိုးသည်။

" မခေါ်လဲနေပေါ့...ကိုကိုကတော့ ခေါ်တယ်။ "

ပြောလဲပြော လူကို အတင်းဆွဲခေါ်သွားသည်များ သျှင်မင်း မှာ ကသိုက်ကရိုက် ပါလာရသည့် အဖြစ်။ ကားထဲသို့ ခပ်ပြုံးပြုံးဝင်ထိုင်လိုက်ရင်း သျှင်မင်းခေါင်းလေးကို ခပ်ဖွဖွ ပိတ်ထုသည့် ကိုကို။ သျှင်မင်း စိတ်ကောက်တိုင်း ကိုကိုဟာ အမြဲအလျော့ပေး ကာ ပြန်ချော့တတ်သည်။ တစ်ခါမှပင် သျှင်မင်းကို စိတ်တိုဒေါသထွက်တာ မရှိဖူးသည်မို့ ထိုအယုအယ နူးညံ့သော ချော့မြူအလိုလိုက်ခြင်းတွေကြောင့်ပဲ သျှင်မင်းနှလုံးသားဟာ ကိုကို့ အတွက် ဖြစ်တည်ခဲ့သည်။

" ကိုကို့ သျှင်မင်း စာမရဘူး။ "

မုန့်ကို ပလုတ်ပလောင်း စားရင်း သူ့ကို ပြောပြနေသည့် ပုံစံလေးက ကလေးဆိုးပမာပင်။ အမြဲတမ်း ငယ်ငယ်ကနေ အခုထိ သျှင်မင်းကို စာပြပေးခြင်းဟာ သူ့အလုပ်။ သျှင်မင်း ဆယ်တန်းတုန်းကဆို သူ့မှာ စာပြရင်း ညဖက်ဆိုလဲ အထူးထုတ်တွေ ပြန်ကြည့်ရ သူမလေးကျတ်ဖို့ Note ထုတ်ပေးရနှင့် လူက မျက်တွင်းဟောက်ပက်။

စာမေးပွဲ ဖြေတော့လဲ သူပဲ အပို့အကြိုလုပ်ပေးရင်း ကျောင်းအပြင်က​နေ ရွတ်လိုက်ရသည့် စာမေးပွဲအောင်ဂါထာဆိုတာ ကိုယ့်အလှည့်ကပင် မရွတ်မိခဲ့။ သျှင်မင်းလဲ စာမေးပွဲပြီး သူလဲ နေမကောင်းပင် ဖြစ်သွားသည်အထိ။

ချစ်ကြိုးရှုပ် ( Complete) Where stories live. Discover now