( Unicode )
-
-
-" ဒီနေ့ မိန်းကလေးလို မဝတ်လို့မရဘူးလား။ နှစ်ရက်တောင် ဝတ်ပြီးပြီပဲ တော်ပြီပေါ့ဗျာ "
အပြင်မထွက်မခင် ခါလွန်မိုးကရမလားဆိုတဲ့ မျှော်လင့်ချက်သေးသေးကလေးဖြစ် သူ့အစ်မသုံးယောက်ကိုပြောကြည့်မိသည်။
" မရဘူး! နင့်ကတိနင်တည်နော် ခါလွန် သင်္ကြန်လေးရက်လုံး မိန်းကလေးလိုနေရမှာ။ လာခဲ့ မိတ်ကပ်လိမ်းပေးမယ်။ "
ပိတောက်မိုးက လူကောင်းသာသေးတာ အသံကစွာလိုက်မှလွန်းရော။ ကျန်ခဲ့အစ်မနှစ်ယောက်တောင်မလို သူတစ်ယောက်တည်းနဲ့တင်ပြီးတယ်။ အစ်မသုံးယောက်ရှိတဲ့ ခါလွန်မိုးရဲ့ဘဝကလေးက အရမ်းကို သနားစရာကောင်းနေပြီ။
ဒီအစ်မသုံးယောက် မြန်မြန်ယောကျာ်းရမှာပဲ အေးမယ်။
" ဒီနေ့ကိုဘုန်း မဏ္ဍပ်ကိုမသွားတော့ဘူး တစ်ခြားမဏ္ဍပ်ပြောင်းကြမယ်။ ညနေကျရင်တော့ ကားနဲ့လည်မယ်။ "
အကြီးမဖြူသွေးမိုးက ဒီနေ့အတွက်အစီစဥ်ကိုပြောနေသည်။
" မရဘူး!!! "
မိတ်ကပ်ပြင်နေရင်း ခါလွန်မိုးက အလန့်တကြားနဲ့ ထအော်တာကြောင့် နှုတ်ခမ်းနီဆိုးပေးနေတဲ့ ပိတော်မိုးခင်များ အကုန်ချော်ထွက်ကုန်တော့သည်။
" ဖြည်းဖြည်းသာသာအော်ပါဟဲ့! ဒီမှာ အကုန်ပေကုန်ပြီ "
" နင်ခဏနေစမ်းပါဦး ပိတောက်ရာ! ဒီနေ့ ကိုဘုန်းမဏ္ဍပ်ကိုပဲသွားမှာနော် မဟုတ်ရင် ကျွန်တော်မလိုက်ဘူး ဒီပုံအတိုင်း အိမ်မှာနေဆိုလိုလည်း နေခဲ့မယ်။ "
" ဟဲ့! နင်မလိုက်လို့ရမလား နင့်ကိုကြပ်ချင်လို့ ငါတို့ကသွားတဲ့ဟာ "
" အေးလေ အဓိကဇာတ်ကောင်မပါပဲ မလတ်တို့ချည်းပဲ ဘာသွားလုပ်ရမှာလဲ "
" အငယ်ကောင်နော် သစ္စာမဖောက်နဲ့။ သင်္ကြန်ဆို နှစ်တိုင်း မောင်နှမလေးယောက် အတူတူလည်နေကြကိုး "
ညီအစ်မသုံးယောက်က ဒါမျိုးကျ အတိုင်အဖောက်ကိုညီနေကြတာပဲ။ သူတို့လက်ချက်ကြောင့် သူတို့မောင်ရဲ့ ရှုံ့မဲ့နေတဲ့မျက်နှာကို မမြင်ရမှာစိုးနေကြပုံသည်။
YOU ARE READING
Pretty Man [ Complete ]
RomancePretty Women ?? No!! He is a Pretty Man - 4.4.2024 - Recommend Song - Replay || SHINee